Professional Authors

အချစ်ကပေးတဲ့ . . . ( ပိုးတောင်(mech:))

မစားသင့်မှန်း သိပေမယ့်
ခါးသီးလိမ့်မယ် မထင်ခဲ့ဘူး
ဂုဏ်ပကာသနတွေ ခ၀ါချလို့
ရိုးရိုးလေးပဲ ချစ်ခဲ့ရတာပါ … ။

စကားသံဝဲ၀ဲလေးနဲ့
အမှတ်တမဲ့ ကြည့်လိုက်တိုင်း
မျက်လွှာလေးချပြီး
ရှောင်ဖယ်သွားတဲ့ နင့်ကို
ငါ့ နှလုံးသားက အပြစ်မမြင်ဘဲ
အရမ်းချစ်ခင်သွားမိတာ
ငါ့ အပြစ်လား … မေရယ် … ။

နင့်ကို ချစ်ခဲ့မိတာ
ငါ့ရဲ့ မိုက်မဲမှုတွေပါဆိုရင်
အဲသည် မိုက်မဲမှုတွေရဲ့ ရလဒ်
ငါ ကျေကျေနပ်နပ်ကြီး လက်ခံပစ်မယ် … ။

အခုတော့ ….
လမ်းခွဲစကားမဆိုဘဲ
နင်ကျောခိုင်းထွက်ခွာ
မရေရတဲ့ ဘ၀လမ်းထဲ
ငါ့ကို တစ်ကိုယ်တည်း ရှောင်ပစ်
နင် … ချန်ထားရစ်ခဲ့တယ်နော် … ။

အခုတော့ ….
ငါ့ဘ၀ကန္တာရမှာ
လှပတဲ့ မနက်ဖြန်ဆိုတာ
လက်ကျန်တောင်ရှိပါ့ဦးမလား မေရယ် …. ။
                                                        ပိုးတောင် (mech:)
သင်းကွဲနွေ မှာ ရင်ခုန်ကြသူများ (ကဗျာ၊ စာစုများ ) မှ

In: ကဗျာ Posted By: Date: Apr 14, 2011
Comment #1

daw daw yet set de main ma g pop naw,

commentinfo By: ei lay at Feb 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment