Professional Authors

အမှီသဟဲကဗျာ(မင်းလူန)

အရှိန်အဟုန်ကောင်းကောင်းနဲ့ 
တရှိန်းရှိန်းလိုချင်တပ်မတ်မှု့ များကြား
ကျွန်တော်
လမ်းလျှောက်သင်ခဲ့ ခြင်း
ပင်ပန်းလိုက်တာမေမေရယ်
ရိုးသားမှု့ ဆိုတာ
ဈေးမှာချိတ်မရောင်းသလို
မီးခွတ်ထွန်းပြီးလဲရှားလို့ မရနိုင်တာသိလျှက်နဲ့ 
ရင်ရိုးရှားခဲ့ မိသူ
ဒီရင်ပူနေပြီမေမေ………………..
ချစ်ခြင်း
အသပြာနဲ့ 
လိင်ကိစ္စများ
ပြသနာဟာကျွန်တော်တို့ ကိုယ်တိုင်ရေးခြစ်ခဲ့ ကြလို့ 
အိမ်ပေါ်ရောက်ရောက်လာတာပဲပေါ့ 
တစ်ကယ်ဆို
အမှောင်တွေပြီးရင်သီအိုရီအရလင်းရမှာမဟုတ်လား
ကျွန်တော်တို့ ကမ္ဘာရွာကြီးက
အလင်းစက်ကျိုးတိုးကျဲတဲနဲ့ 
တစ်ကယ်ပဲ
ပိန်းပိတ်မှောင်ခဲ့ တယ်
လက်ချင်ချိတ်ပြီးရင်းဘတ်မှာဓားစိုက်ဖို့ တွေးနေသူတွေ
မည်းညစ်စွန်းထင်းမှု့ တွေနဲ့ မှ
သန့် ရှင်းခြင်းအဖြစ်ကိုပေါက်မြောက်တယ်ထင်သူတွေကြား
တခါတခါ
အသက်ရှူလို့ မ၀ချင်ဘူးမေမေ
ဇွတ်မှိတ်ပြီး
ကျွန်တော်လမ်းစလျှောက်တယ်
ကဗျာတွေက
ကျွန်တော့် ကိုကူလို့ ဖေးလို့ ပေါ့ 

                                       မင်းလူန

In: ကဗျာ Posted By: Date: Jul 6, 2012
Comment #1

တခါတခါ
အသက်ရှူလို့ မ၀ချင်ဘူးမေမေ
ဇွတ်မှိတ်ပြီး
ကျွန်တော်လမ်းစလျှောက်တယ်
ကဗျာတွေက
ကျွန်တော့် ကိုကူလို့ ဖေးလို့ ပေါ့ 
ကျွန်တော်အားပေးသွားပါတယ်
နောက်ဆုံးအားပေးခြင်းဖြစ်ပါတယ်
ကိုမင်းလူန ……………………

(ကျွန်တော်ဒီရွာကိုမလာဖြစ်တော့မှာမို့ ပါ)

commentinfo By: အသဲကွဲမိုး at Jul 6, 2012
Comment #2

fighting,,
😛

commentinfo By: ei lay at Jul 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment