Professional Authors

တိန်…သေဟ

အစီအရီထွက်လာ….
အတွေးအမြင်၊ သီအိုရီများ
ဝိုင်းဝိုင်းလည်
ဘာတွေဘယ်လို၊ ဘယ်ပုံဘယ်ညာ
တွေးတယ်…..တွေးစမ်းပါ။
ကုလားဖန်ထိုးပြီး ဖဲတစ်ချပ်ကိုယူလိုက်
မှန်းစမ်း။
ဖဲပေါ်ကသီအိုရီမှန်ချင်မှမှန်မည်
နာရီလက်တံတွေပြေးစမ်းပါ။
မြန်မြန်ပြီးမှအေးမှာ…..တွက်ကွာ။
ဟော….လာကြပြန်ပြီ
ထိုင်ပါ။
နောင်တတွေကို… ဧည့်ခံရင်း
ငါ့အလုပ်ကို ဆက်လုပ်ဆဲ
ဘယ်ကစပြီး ဘယ်မှာဆုံးမယ်
ဝေေ၀၀ါးဝါး မြူနှင်းတွေထဲ
ထိုင်နေချိန်က ဆောင်းရာသီတော့မဟုတ်။
ချွေးစက်အချို့ လစ်ပြေးဖို့ကြိုးစား
ဘယ်ရမလဲ။
တုန်ရီနေသောလက်အစုံနှင့် ဖမ်းဆီး
ပုဆိုးနှင့်သုတ်ကာ အကျဉ်းချလိုက်ပြီ…..အမိန့်တည်စေ။
မိုးတွေရွာဆဲ
ငါလည်း အနာဂတ်ကိုတွေးတယ်။
ဘ၀….ဘဝ
လောကကြီးဘယ်အရာမှမတည်မြဲပါလား။
ငါ…နောင်တ
တစ်ခုံတည်းအလုအယက်ထိုင်ရင်း
အချိန်ကုန်ဖို့စောင့်နေတယ်။

In: ကဗျာ Posted By: Date: Jul 5, 2012
Comment #1

😛

commentinfo By: ei lay at Jul 5, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment