Professional Authors

အသိမှတ်ပြုလိုက်ပါ မင်းပင်ပန်းနေလိမ့်မယ်

စကားတွေအများကြီးမပြောနဲ့
မင်းသိပ်မောနေမယ်……
မြားဦးပေါ်မှာ ပျားရည်သုတ်ပြီးပစ်တာကမှ
မသေခင်လေးမှာ ချိုမြိန်ရဦးမယ်…
ခါးသက်သက်အပြုံးတွေမပေးစမ်းပါနဲ့
ငါသေမိန့်မကျသေးဘူး…..
ငါ့ကိုအကျဉ်းချထားချင်သတဲ့လား
ခေါ်သွားလိုက်….
ပြေးဖို့မကြိုးစားပါဘူး
မင်းနားမှာရှိနေရရင်ပဲ ကျေနပ်နေမယ့်သူ
ကြိုးမိန့်မရခင်အချိန်မှာ ငါကြည်နူးသွားဦးမယ်
အကျည်းတန်တဲ့ မာယာတွေနဲ့လာမချည်နှောင်နဲ့
ငါ့မှာအပြစ်မရှိသေးဘူး………….
တကယ်တော့ဒီပွဲမှာမင်းရှုံးတယ်…
မင်းအနိုင်ယူချင်တဲ့ငါက
အရှုံးတွေနဲ့ပျော်မွေ့နေတဲ့သူ….
ဒဏ်ရာတွေကိုဖက်တွယ်ထားတဲ့သူ……….
ကိုင်း…ဘာလုပ်ချင်သေးသတုန်း
မင်းရက်စက်လေ ငါပျော်လေပဲ
မင်းဘာလုပ်လုပ်ငါကျေနပ်တယ်..
မင်းရင်ထဲက ငါ့အတွက်တစ်နေရာက
စွန်းထင်းနေခဲ့မယ်ဆိုလဲ….
အမှောင်ထဲမှာငါအိပ်နေဦးမှာပဲ….
မိန်းကလေး…
အရှုံးတွေထပ်ရလဲမထူးတဲ့ငါ့ကို
မင်းဘယ်တော့မှမနိုင်ဘူး…..
ဘာလို့များခေါင်းမာနေရတာလဲ
ငါချစ်တာကို အသိမှတ်ပြုလိုက်ပါ
အနိုင်ယူချင်လွန်းတဲ့မင်း
သိပ်ပင်ပန်းနေလိမ့်မယ်………..။                 ။

In: ကဗျာ Posted By: Date: Aug 23, 2011
Comment #1

ကိုင်း…ဘာလုပ်ချင်သေးသတုန်း
မင်းရက်စက်လေ ငါပျော်လေပဲ
မင်းဘာလုပ်လုပ်ငါကျေနပ်တယ်..

commentinfo By: တိမ်တိုက် at Aug 23, 2011
Comment #2

မြားဦးပေါ်မှာ ပျားရည်သုတ်ပြီးပစ်တာကမှ
မသေခင်လေးမှာ ချိုမြိန်ရဦးမယ်…
ခါးသက်သက်အပြုံးတွေမပေးစမ်းပါနဲ့
ငါသေမိန့်မကျသေးဘူး…..
ငါ့ကိုအကျဉ်းချထားချင်သတဲ့လား
ခေါ်သွားလိုက်….

Comment #3

ngar chit tar ko a ti a hmat pyu like par.
a naing u chin lun de min,
tate pin pan nay late me.

min yet sat lay ngar pyaw lay be,
min bar loak loak ngar kyay nat de,

commentinfo By: ei lay at Aug 23, 2011
Comment #4

မိန်းကလေး…
အရှုံးတွေထပ်ရလဲမထူးတဲ့ငါ့ကို
မင်းဘယ်တော့မှမနိုင်ဘူး…..
အားပေးသွားတယ် ကိုလွမ်းနောင်။

commentinfo By: poem.poem28 at Aug 24, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment