Professional Authors

ကျွန်တော်နှင့် နေနိုင်သူကြီး

 

ပြောရဲခဲ့ဖူးတယ်

ခင်ဗျားအတွက်

အခြားကိုမငဲ့  ကျုပ်ဖွင့်လှစ်ထားတဲ့ အချစ်မျက်နှာစာဆိုတာ

ခင်ဗျားဘက်တခြမ်းသို့သာ….ဖြစ်ကြောင်း

 

ချော့မော့ခဲ့ဖူးတယ်

အခါခါအထပ်ထပ်..ဘယ်လိုပင် ပြဿနာတတ်နေပါစေ

ခင်ဗျားသာအမှန်..ကျုပ်ဘက်မှာအမှားထားလို့

ကျွန်တော့်ကိုစွန့်ပစ် အဝေးထွက် မသွားဖို့ ဆိုသော….ချော့တေးပေါင်းမြောက်များစွာ..

 

ချခင်းပြသခဲ့ဖူးတယ်

ကဗျာပေါင်းများစွာ..နှစ်ပေါင်းများစွာတိုင်စေ

ကျုပ်ဟာ..ခင်ဗျားတယောက်ကိုသာ ချစ်နေတယ်ဆိုတဲ့အကြောင်း

 

ခင်ဗျားကတော့…

ခင်ဗျားကတော့ဗျာ

……………………………………………..

(တပတ် တခါ မျှ

ကျွန်တော့်အတွက်ဆိုကာ…

 

အချိန်လေးတွေ …ဝေ ပေး ခဲ့ဖူးသလား???

 

တနင်္ဂနွေတိုင်း ကျွန်တော်ရှာသော နံနက်ခင်းတခုမှာ

လက်..ကမ်းခဲ့ဖူးသလား???

 

ခင်ဗျားရှိရာ အရောက်လာတတ်တဲ့..

ဟောဒီက ..ငနဲမအတွက်

အသံတချက်…တောင် ..ကြွေ ကျ ..ပေးခဲ့ဖူးသလား???

 

…………………..ကျွန်တော့်ကို……….

တကယ်……ချစ်..ခဲ့..ဖူး..သ..လား???)

……………………………………………….

ထားပါတော့ ကျုပ် တကယ်မမေးရက်ခဲ့ပါဘူး

(ခင်ဗျားအဖြေခက်မှာတောင် စိုးကြောက်တတ်တဲ့သူ)

 

ဟုတ်ပါတယ်

ခင်ဗျား..စွပ်စွဲအမည်တပ်ခဲ့သလိုပဲ

ကျုပ်ဆိုတာ

စည်းစိမ်မက်တဲ့ကောင်

ခင်ဗျားအတွက် အရိုင်းဆန်တဲ့ မှိုင်းသက်သက်မို့

စောင်းငဲ့မကြည့်ပဲ လှည့်ထွက်သွားလိုက်ပါ။

 

ခင်ဗျားခြွေချပေးခဲ့တဲ့ ကာရံတွေလည်း

ကျုပ်လိုကောင်အတွက်ဆိုခဲ့ရင်

……………………အချိန်ကုန် လူ ပမ်း နေပါ့ မယ်..

ခံ

ယူ

ဝံ့

ရဲ

တာမို့……………ခင်ဗျားစာမျက်နှာထက်မှာ

ကျုပ် နံမည် …ကို……….ခေါက် သိမ်း ထား လိုက် ပါတော့

 

(ခင်ဗျားကို တကယ်…သိပ်ချစ်ခဲ့သော

ဘယ်တုန်းကမှ…မရက်စက်နိုင်ခဲ့တဲ့သူ..

ကျွန်တော့်ကို

ခင်ဗျား ..ပတ် ၀န်း ကျင် မှာ

အယုတ်အလတ်အမြတ်ရွေးတတ်တဲ့

သစ္စာမဲ့သောအစုတ်အပြတ်မ လို့ အမည်ပေးရက်တဲ့အတွက်

ကျွန်တော့်နှလုံးသား…အသည်းညှာ…..လွမ်းလျ ချိနဲ့ ..

သေဆုံးခဲ့ရပါတယ်…ခင်ဗျားတယောက် ပျော်ရွှင်ပါစေ)

In: ကဗျာ Posted By: Date: Jul 3, 2012
Comment #1

ကျုပ် တကယ်မမေးရက်ခဲ့ပါဘူး …………………
ဟုတ် တယ်မိုး ရယ် ……………………
မမေး ရက် တဲ့ မေးခွန်းတချို့ တွေ ရှိတယ် ……………….
အားပေးတာထက် ပို တာ သိလားဟင်…… ဖတ်သွားတာထက်ပိုတယ် ………….
ရင်ဘတ်ထဲ ထည့် ယူသွားတယ် …………. ပညာယူရင်း ပေါ့ .
သတိရတယ် ………… ပျော် ပါစေ ဆိုတာ ထက် ကျန်းမာပါစေ လို့ ပြောချင်နေမိတယ် …………

commentinfo By: sharon myorr myor at Jul 3, 2012
Comment #2

ကျွန်တော့်ကဗျာလေးကိုအားပေးတဲ့ ချစ်သောညီမလေး မျော
ကျေးဇူးတင်ပါတယ်ဗျာတကယ်ကျေးဇူးပါ

commentinfo By: အသဲကွဲမိုး at Jul 3, 2012
Comment #3

hey,,ma moe,
plz don’t think like that,
plz don’t feel depress.
1.men used to be cruel if he loves so much,
2.men used to pretend if he really fall in love.
3.men used to deny if they wish to own.
😛 😛 😛 😛
u’ll get what u give,,no doubt,,believe urself,,never give up,,
fighting,,fighting,
the most important is u need to try to understand him so well,
wishing u b good luck,,ma moe,

commentinfo By: ei lay at Jul 3, 2012
Comment #4

love d comment of ei 🙂

commentinfo By: sharon myorr myor at Jul 3, 2012
Comment #5

ချစ်သောညီမလေး အိ ကျေးဇူးပါခင်ဗျာ ပျော်ရွှင်ပါစေ

commentinfo By: အသဲကွဲမိုး at Jul 3, 2012
Comment #6

ကဗျာလေး ကောင်းတယ် အစ်မ မိုး
ကြိုက်တယ်

commentinfo By: wxad at Jul 4, 2012
Comment #7

ခင်ဗျားရှိရာ အရောက်လာတတ်တဲ့..

ဟောဒီက ..ငနဲမအတွက်

အသံတချက်…တောင် ..ကြွေ ကျ ..ပေးခဲ့ဖူးသလား???

…………………..ကျွန်တော့်ကို……….

တကယ်……ချစ်..ခဲ့..ဖူး..သ..လား???)

……………………………………………….

ထားပါတော့ ကျုပ် တကယ်မမေးရက်ခဲ့ပါဘူး

(ခင်ဗျားအဖြေခက်မှာတောင် စိုးကြောက်တတ်တဲ့သူ)

commentinfo By: zawthetoo at Jul 4, 2012
Comment #8

ခပ်ပြင်းပြင်း ရင်ဖွင့်သံလေးပဲ…. မိုက်တယ် အသဲကွဲမိုး…ပန်းအိတောင် မရောက်တာကြာပီ….မင်္ဂလာပါနော်.. 🙂

commentinfo By: pannei at Jul 4, 2012
Comment #9

အားပေးသွားတဲ့ wxad မောင်လေးဇော်သက်ဦး နဲ့ ပန်းအိ …ကျေးဇူးတင်ပါတယ်လို့ 
မင်္ဂလာပါဗျို့ 😀

commentinfo By: အသဲကွဲမိုး at Jul 4, 2012
Comment #10

အမ……တကယ်ရင်ထဲထိတယ်ဗျာ….
ထားပါတော့ ကျုပ် တကယ်မမေးရက်ခဲ့ပါဘူး

(ခင်ဗျားအဖြေခက်မှာတောင် စိုးကြောက်တတ်တဲ့သူ)
အဲဒါတွေကို…….မမေးရက်မေးရက်နဲ့မေးထားတာလေးတွေ…..ကြိုက်တယ် ဗျာ……….
အမ ခံစားအားပေးသွားပါတယ်….

commentinfo By: poem.poem28 at Jul 5, 2012
Comment #11

မောင်ရဲလေး ခင်ဗျာ..ကျေးဇူးတင်ပါတယ်လို့  😀

commentinfo By: အသဲကွဲမိုး at Jul 5, 2012
Comment #12

မိုက်တယ်
ကြိုက်တယ်ဗျို့ 

commentinfo By: loafer at Jul 6, 2012
Comment #13

ကဗျာကောင်းလေးပါပဲဗျာ

commentinfo By: moehtetaung18 at Jul 12, 2012
Comment #14

hint,,,
a khu nay naing thu g ka ma moe kou tine par be shin.
🙁
🙁
🙁
thu ko sate soe nay dar ne ei lay doe ko d tine pyit twar dot hmar lar loh.
ei lay doe ka ma moe ye arr sae lone tway so,,
pyan lar ke par naw,

commentinfo By: ei lay at Jul 23, 2012
Comment #15

ကျွန်တော့် ခင်ဗျားလေး က တကယ့် ငချွဲမျိုးနွယ်လေးပါပဲဗျာ >>> ei lay

သိပ်သတိရပါတယ်ခင်ဗျာ
ခင်ဗျားလေး comment ကိုမြင်တော့ တော်တော်လေး ခံစားသွားရပါတယ် ညီမလေးရယ်

………………

ုပြန်လာချင်ပေမယ့် ပြန်မလာသင့်တော့ဘူးလို့ ထင်လို့ ပါ…..
အမြဲတမ်း သတိရနေပါတယ်

commentinfo By: အသဲကွဲမိုး at Aug 3, 2012
Comment #16

hint,,yone par bu,,ta ti ya de so dar,,,
tat tay shi bu,, 🙁
ei doe ne bar sine loh le loh?
thu ko mone dar ne ei doe ko htar ke hmar lar loh?
ei doe ka bar a pyit loak mi loh le loh?
hint,,,ya bu,,ya bu,,ma moe naw,,
ma moe d lout taw dar,,e lo loak par ne,
ma moe ko ei a yann kyike dar,,
ma moe pyan ma lar yin ei le poems corner ko lone wa lar dot bu,,
🙁

commentinfo By: ei lay at Aug 3, 2012
Comment #17

ငချွဲမလေး

ကျွန်တော်ပြန်လာမယ် ချစ်တယ် ဘာလေးမှန်းလည်းမသိဘူး>>> ei lay

commentinfo By: အသဲကွဲမိုး at Aug 3, 2012
Comment #18

wowwwwwwwwwwww
yeahhhhhhhhhhhhhhhhhh
so much happyyyyyyyyyyyyyy
milloin billion trillion ths,,,,
i love more than u,,ma moe,
muhhhhhhhhhh

commentinfo By: ei lay at Aug 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment