Professional Authors

(ကျွန်တော့ရင်ခွင်….) လမ်းဆုံး

သိပ်အကြာကြီးတော့မဟုတ်ဘူး
ကျွန်တော်တို့တွေ့ဖူးကြတယ်
ခဏတာကို…တဘ၀စာ..ထက်
တပ်မက်..
ခင်ဗျားပြုံးရင်….
အမူအရာတွေ…ယောင်မှား
အမုန်းတွေပါလည်း…ပျော်ခဲ့တယ်။

သိပ်အများကြီးတော့မဟုတ်ဘူး
ကျွန်တော်တို့စကားပြောဖူးတယ်
တဒင်္ဂကို အထင်ကရ..သိမ်းဆည်း
ခင်ဗျားပြောရင်..(ကျွန်တော်)
ယုန်..တကောင်ဟာလည်း
ကြောင်ဆို..ခေါင်းငြိမ့်တယ်။

သိပ်အသဲကြီးတော့မဟုတ်ဘူး
ကျွန်တော်..ခင်ဗျားကိုချစ်ခဲ့တယ်
မမြင်လည်း…လွမ်း
မတွေ့လည်းတမ်း
ခင်ဗျားကလွဲ…အခြားအတွက်ဆို
ကျွန်တော့်..ကာရံ..ဆွံ့အ..တယ်။

သိပ်အရွှဲကြီးတော့မဟုတ်ဘူး
ခင်ဗျားအတွက်..အလွမ်းတွေ..ရွာရွာချပေးခဲ့တယ်
နှင် ရင် ဝေးလိုက်
ခေါ် ရင် အပြေးလိုက် နဲ့
ခင်ဗျားအသုံးတော်ခံ..ရုပ်သေးဘ၀..ပဲ
မျှော်လင့် နေခဲ့တယ်

သိပ်အကြီးကြီးတော့မဟုတ်ဘူး
ခင်ဗျားအပေါ်..ကျွန်တော်..ဆိုးခဲ့မိလိမ့်မယ်
အလုပ်လုပ်နေရင်း
သင်တန်းတက်နေရင်း..
စာကျက်နေရင်း….
…………………
တစက္ကန့်…တခဏလောက်
လျစ်လျုရှု….ခဲ့ဖူးတယ်။

သိပ်တော့..မကြာသေးပါဘူး
ခင်ဗျား…..
ကျွန်တော့်ကို…လမ်းလွှဲသွားခဲ့တယ်
……………………
ဘာ့ကြောင့်ဖြစ်ဖြစ်..
လမ်းဆက်ခွင့်ရဖို့
ကာရံများနဲ့.. မှန်းဆပ်လို့…
ကျွန်တော့ ရင်ခွင်..ကမ်းကပ်လာရန်
………….ကြိုးစားခဲ့ပါတယ်။
တကယ်..
ကြိုး…စား…ခဲ့…ပါတယ်.ဗျာ။

ဆုံခွင့်..မရမှတော့…
ကြုံ…စရာလည်း…မလိုအပ်တော့ဘူး
မယုံလို့…ဖြတ်ခဲ့တဲ့နောက်
ကာရံတွေထဲမှာလည်း…..ဆက်မတွေ့စေရဘူး
ခင်ဗျား…..မရှိတော့ဘူး….ဆိုမှ..တော့……..
ကျွန်တော်………………
ဘယ်…လမ်းခရီးမျိုးမှ…ထပ်မဖောက်တော့ဘူး
…………….
ကျွန်တော်မပါပဲ
…………ပျော်ပျော်ကြီး..ဆက်လျှောက်စေဗျာ။

………………….
(သင်နှင့်ကပ်လျှက်..
 အမြဲတည်ရှိနေချင်သော…
 ခင်ဗျား
 .မနှစ်သက်တဲ့မိုး…
 အချစ်ငတ်လို့…အလွမ်းဆပ် မိတဲ့သူ
 မလိုတော့ဘူးဆို….
 အတင်း..တွယ်ကပ်..နေမဲ့သူမဟုတ်လို့
 အမှားကြီးခဲ့ရင်….အများကြီး..မုန်း..လိုက်ပါဗျာ….
 ဘာပဲဖြစ်ဖြစ်…ခင်ဗျားကို…အပြစ်..မတပ်..ခဲ့ဘူး)

In: ကဗျာ Posted By: Date: Jul 20, 2011
Comment #1

အားပေးသွားပါတယ် မမ အသဲကွဲမိုးရေ……။ 🙂 🙁 🙂

Comment #2

သိပ်အရွှဲကြီးတော့မဟုတ်ဘူး
ခင်ဗျားအတွက်..အလွမ်းတွေ..ရွာရွာချပေးခဲ့တယ်
နှင် ရင် ဝေးလိုက်
ခေါ် ရင် အပြေးလိုက် နဲ့
ခင်ဗျားအသုံးတော်ခံ..ရုပ်သေးဘ၀..ပဲ
မျှော်လင့် နေခဲ့တယ်..
မိုက်တယ်..

commentinfo By: ဖိုးနမ်း at Jul 20, 2011
Comment #3

ဘလိုင်းကြီးကို..ဒဲ့ လာထိ တော့တာပဲ

commentinfo By: Demon 13 at Jul 20, 2011
Comment #4

har,,,,,,,,,,,
kwat ti pe,
lone wa mike de.
yae le heart hti de.
myat yae tway taung le mi de.

commentinfo By: ei lay at Jul 20, 2011
Comment #5

အောင်မလေးဗျာ…
လန်ထွက်နေတာပဲအရေးအသားက
အရမ်းကောင်းပါတယ်
ကျွန်တော်အဲဒီလိုမျိုးရေးချင်တယ်
အကြောင်းအရာတွေစိတ်ထဲမှာရှိတယ်
ဒါပေမယ့် ထွက်လာတဲ့ပုံစံတွေကိုကျွန်တော်မကြိုက်ဘူး
ကျွန်တော်လိုချင်နေတာဒါမျိုးပုံစံဗျ
မိုက်တယ်ဗျာအရမ်းကောင်းတယ်……
မမိုး ကလောင်စွမ်းတော်တော်ထက်တယ်
လေးစားတယ်ဗျာ တကယ်ပါ

commentinfo By: လွမ်းနောင် at Jul 20, 2011
Comment #6

အားပေးသွားတယ်ဗျ…..
ကဗျာကောင်းလေးဗျာ……..။

commentinfo By: moehtetaung18 at Jul 21, 2011
Comment #7

မိုးကိုအားပေးတဲ့မောင်နှမများအားလုံးကို ကျေးဇူး..အရမ်းတင်ပါတယ်
မိုးကို အားဖြစ်စေတဲ့ စကားလေးများပြောခဲ့ပေးတဲ့
အရိပ်ကလေး ဇော်သက်ဦး
ဦးလေး ဖိုးနမ်း
ကို Demon 13
ညီမလေး eilay
ကို မောင်မောင် လွမ်းနောင်
ဦးမိုးထက်အောင်18
…………………….
အများကြီးကျေးဇူးပါ

commentinfo By: အသဲကွဲမိုး at Jul 21, 2011
Comment #8

အရမ်းကိုကောင်းပါတယ် အားပေးနေပါတယ်နော်

commentinfo By: HEROSMITH at Jul 21, 2011
Comment #9

သိပ်အကြာကြီးတော့မဟုတ်ဘူး
ကျွန်တော်တို့တွေ့ဖူးကြတယ်
ခဏတာကို…တဘ၀စာ..ထက်
တပ်မက်..
ခင်ဗျားပြုံးရင်….
အမူအရာတွေ…ယောင်မှား
အမုန်းတွေပါလည်း…ပျော်ခဲ့တယ်။

သိပ်အများကြီးတော့မဟုတ်ဘူး
ကျွန်တော်တို့စကားပြောဖူးတယ်
တဒင်္ဂကို အထင်ကရ..သိမ်းဆည်း
ခင်ဗျားပြောရင်..(ကျွန်တော်)
ယုန်..တကောင်ဟာလည်း
ကြောင်ဆို..ခေါင်းငြိမ့်တယ်။
မမိုး….ထိတယ်ဗျာ

commentinfo By: poem.poem28 at Jul 21, 2011
Comment #10

အားပေးတဲ့သူငယ်ချင်းများအားလုံးကျေးဇူးတင်ပါတယ်နော်

commentinfo By: အသဲကွဲမိုး at Jul 22, 2011
Comment #11

သိပ်အများကြီးတော့မဟုတ်ဘူး
ကျွန်တော်တို့စကားပြောဖူးတယ်
တဒင်္ဂကို အထင်ကရ..သိမ်းဆည်း
ခင်ဗျားပြောရင်..(ကျွန်တော်)
ယုန်..တကောင်ဟာလည်း
ကြောင်ဆို..ခေါင်းငြိမ့်တယ်။

သိပ်အသဲကြီးတော့မဟုတ်ဘူး
ကျွန်တော်..ခင်ဗျားကိုချစ်ခဲ့တယ်
မမြင်လည်း…လွမ်း
မတွေ့လည်းတမ်း
ခင်ဗျားကလွဲ…အခြားအတွက်ဆို
ကျွန်တော့်..ကာရံ..ဆွံ့အ..တယ်။

Comment #12

ဘယ်တစ်ပုဒ်မှာ ကောင်းတယ်ဆိုတာထက် ခေါင်းစဉ်အောက်မှာ
အပုဒ်အားလုံးက ကောင်းနေတာ၊ ရင်ဘတ်ထဲထိခိုက်
ကြိုက်တယ်ဗျာ။ 🙂

Comment #13

ကျွန်တော့်ကဗျာလေးကိုအမြဲအားပေးတတ်တဲ့ မောင်လေးများ အကိုများ မောင်နှမများ အားလုံးအထူးကျေးဇူးတင်လေးစားလျှက်

commentinfo By: အသဲကွဲမိုး at Jul 4, 2012
Comment #14

(သင်နှင့်ကပ်လျှက်..
အမြဲတည်ရှိနေချင်သော…
ခင်ဗျား
.မနှစ်သက်တဲ့မိုး…
အချစ်ငတ်လို့…အလွမ်းဆပ် မိတဲ့သူ
မလိုတော့ဘူးဆို….
အတင်း..တွယ်ကပ်..နေမဲ့သူမဟုတ်လို့
အမှားကြီးခဲ့ရင်….အများကြီး..မုန်း..လိုက်ပါဗျာ….
ဘာပဲဖြစ်ဖြစ်…ခင်ဗျားကို…အပြစ်..မတပ်..ခဲ့ဘူး)
In: ကဗျာ Posted By: အသဲကွဲမိုး Date: Jul 20, 2011

commentinfo By: thinzar at Apr 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment