Professional Authors

ဘာဆိုဘားမှမရှိနေဖူး…..

သောကြာနေ့ ညနေတွေဟာ…
လွမ်းလို့ အကောင်းဆုံး နာရီတွေလို့ ဆိုပေမဲ့….
ဆောင်းမရှိတဲ့ ကျွန်းကလေးမှာ….
သောကြာနေ့ဆိုတာလဲ ရှိမနေဖူး…

သောကနဲ့ ပွင့်ဝေနေတဲ့…
လမ်းကလေးအတိုင်း ပြန်လာခဲ့တယ်…
ဖြေဖျောက်စရာ ဘာမှလဲမရှိနေဖူး…

ရှိနေတာက အိမ်အပြန်…
နှလုံးသားနဲ့ နမ်းမရတဲ့…
သူစိမ်းဆန်ဆန် အိမ်သားတွေရဲ့…
မိသားစု တပ်ဆင်မထားတဲ့ အိမ်ကလေးရယ်…

ကျောင်းကပြန်လာတဲ့ ချာတိတ်ကလေးလိုပေါ့…
လွယ်အိတ်ကလေး ပစ်ချပြီး…
ဆွဲငင်အားတွေအားလုံး…
အကြောတွေ ပြတ်ထွက်သွားလောက်အောင် ပျော်ဖို့…
ကစားကွင်းကလေးလဲ ရှိမနေဖူး…

အသက်ရှိတော့ စဉ်းစားတယ်…
မငြိမ်းချမ်းဘူး…
ပြတင်းပေါက်က ၀င်လာတဲ့…
လရောင်ကလည်း…
ငါ့ကို မငြှိမ်းသတ်နိုင်ဖူး…

သစ်ကိုင်းပေါ်ပွင့်နေတဲ့ ကျီးကန်းနဲ့…
မနက်ခင်းက တင်ဆက်တယ်…
အိမ်တန်းပြန်ငှက်ကလေးတွေရဲ့…
အသံစာစာကလေးတွေလဲ ရှိမနေပြန်ဖူး…

အရသာမရှိဖူး ချစ်သူ
မျက်လုံးကန်းသွားအောင်လှလဲ

အဲ့ဒါကို အဓိပ္ပါယ်ဖွင့်ဆိုဖို့

သော့က ငါ့မှာမရှိနေပြန်ဖူး

စိတ်ကောက်သွားတဲ့ ချစ်သူကို ချော့ဖို့
ညနေခင်း အေးအေးလေးနဲ့ လုပ်ထားတဲ့

သီချင်း ချိုချိုကလေးလည်း ရှိမနေပါဖူး

အရာရာကို စိတ္တဇဆန်တဲ့ နင့်အတွက် မပြောနဲ့
ငါဆိုတဲ့ ငါ့အတွက်တောင်

ဘာဆို ဘားမှကို မရှိနေပါဖူး

In: ကဗျာ Posted By: Date: Jun 23, 2012
Comment #1

မိုက်တယ်

commentinfo By: Village chat kyi at Jun 23, 2012
Comment #2

ကျေးဇူးတင်ပါတယ်………………. နောက်သူငယ်ချင်းတွေလဲ ဝေဖန်ပေးပါဦး

commentinfo By: Meaningless at Jun 23, 2012
Comment #3

လုံးဝမမိုက်ဘူး…မကောင်းဘူး…:P

commentinfo By: kaylay at Jun 24, 2012
Comment #4

နောက်တာနော်…….. ကိုကြီး…… အရမ်းကြိုက်တယ်…………. အားပေးနေမယ်….. 😀 😀 😀

commentinfo By: kaylay at Jun 24, 2012
Comment #5

အိုး စောက်ရမ်း ကြိုက်သွားပီဒီတစ်ခုကို

commentinfo By: May at Jun 24, 2012
Comment #6

ရှိနေတာက အိမ်အပြန်…
နှလုံးသားနဲ့ နမ်းမရတဲ့…
သူစိမ်းဆန်ဆန် အိမ်သားတွေရဲ့…
မိသားစု တပ်ဆင်မထားတဲ့ အိမ်ကလေးရယ်…

ကျောင်းကပြန်လာတဲ့ ချာတိတ်ကလေးလိုပေါ့…
လွယ်အိတ်ကလေး ပစ်ချပြီး…
ဆွဲငင်အားတွေအားလုံး…
အကြောတွေ ပြတ်ထွက်သွားလောက်အောင် ပျော်ဖို့…
ကစားကွင်းကလေးလဲ ရှိမနေဖူး…

အဲ့အပိုဒ်လေးကို အကြိုက်ဆုံးပဲ………..
အဓိပ္ပါယ်က အရမ်းကို မိုက်တယ်………….. အရမ်းလဲ ကြိုက်တယ်……..

commentinfo By: kaylay at Jun 24, 2012
Comment #7

ဟိန်း နောက်ထပ်အများကြီးရေးနော်
မေလဲအားပေးမယ်

commentinfo By: May at Jun 24, 2012
Comment #8

အဓိပ္ပါယ်တွေက အရမ်းကောင်းတယ်… ၂ပုဒ်ပေမဲ့လဲ တော်တော်ကို ခံစားလိုက်ပါတယ်…
အရမ်းလဲကြိုက်တယ်…….. ထပ်ရေးပေးပါဦး……….
အရသာမရှိဖူး ချစ်သူ…
မျက်လုံးကန်းသွားအောင်လှလဲ…
အဲ့ဒါကို အဓိပ္ပါယ်ဖွင့်ဆိုဖို့…
သော့က ငါ့မှာမရှိနေပြန်ဖူး…

စိတ်ကောက်သွားတဲ့ ချစ်သူကို ချော့ဖို့…
ညနေခင်း အေးအေးလေးနဲ့ လုပ်ထားတဲ့…
သီချင်း ချိုချိုကလေးလည်း ရှိမနေပါဖူး…

အရာရာကို စိတ္တဇဆန်တဲ့ နင့်အတွက် မပြောနဲ့…
ငါဆိုတဲ့ ငါ့အတွက်တောင်…
ဘာဆို ဘားမှကို မရှိနေပါဖူး…………

commentinfo By: Shwe Yi at Jun 24, 2012
Comment #9

😛

commentinfo By: ei lay at Jun 24, 2012
Comment #10

အသက်ရှိတော့ စဉ်းစားတယ်…
မငြိမ်းချမ်းဘူး…
ပြတင်းပေါက်က ၀င်လာတဲ့…
လရောင်ကလည်း…
ငါ့ကို မငြှိမ်းသတ်နိုင်ဖူး…

သစ်ကိုင်းပေါ်ပွင့်နေတဲ့ ကျီးကန်းနဲ့…
မနက်ခင်းက တင်ဆက်တယ်…
အိမ်တန်းပြန်ငှက်ကလေးတွေရဲ့…
အသံစာစာကလေးတွေလဲ ရှိမနေပြန်ဖူး…

commentinfo By: zawthetoo at Jun 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment