Professional Authors

ပြန်လာခဲ့ရင်

ငါဘဝက နေပူကပါ..မိုးရယ်..
မိုးတို့လို ပိုက်ဆံမရှိပေမဲ့ ဖြူစင်တဲ့အချစ်တော့ ရှိပါတယ်..
မင်းပျော်အောင် မင်းကျေနပ်အောင်
ဈေးကြီးတာတွေ ဝယ်မပေးနိုင်ပေမဲ့
မင်းနားခိုဖို့ နှလုံးသားရင်ခွင်တစ်ခုလုံးရှိပါတယ်….

မင်းပြောပါ..
မုန်တိုင်းတစ်ခုလုံးပြင်းထန်တဲ့
စကားတွေနဲ့ ငါကိုပြောခဲ့ပါ
ငါကို ထားခဲပါ
ငါခွင့်လွတ်နေဆဲပါ..
မင်းကို ငါချစ်နေဆဲပါ

မင်းငါ့အတွက် အချစ်ဦးနဲ့
အချစ်ဆုံးသူပါ..
မိုးရယ်…အချိန်တွေအကြာကြီးချစ်ခဲ့ပြီးမှ
ဘာကြောင့် လမ်းခွဲချင်ရတာလဲ..

ငါဘဝငါသိပါတယ်
ငါအခြေအနေငါသိပါတယ်
ငါဆိုတဲ့ကောင်က
မင်းထင်သလိုမျိုး
တိုက်တွေ၊ကားတွေ၊ဖုန်းတွေမရှိပေမဲ့
မင်းလိုအင်ကိုဖြည့်ဆည်းပေးနိုင်ပါတယ်…

ငါလိုတာ မင်းပဲ
မင်းနောက်က ပစည်းတွေမဟုတ်ဘူး
မင်းမှာရှိနေတဲ့ ဖြူစင်တဲ့
နှလုံးသားတစ်ခုတည်းပါ…

ငါဘဝဟာ မင်းရှိရင်
ပြည့်စုံတယ်လို့ ငါထင်တယ်
အချစ်ရှိရင် ပြည့်စုံပါတယ်ကွာ…
အဲဒါကို မင်းသိလာတဲ့နေ့
မင်းပေးတဲ့ လက်ဆောင်နဲ့
ခါးသီးစွာပြောခဲ့ စကားလုံးတွေကို
ငါခွင့်လွတ်နားလည်ပေးရင်း
စောင့်နေတယ်..
          သူငယ်ချင်းတစ်ယောက်ရဲ့ ဖီလင်လေးပါ.
                                                          စိုး……….

In: ကဗျာ Posted By: Date: Jun 20, 2012
Comment #1

so touching,
😛

commentinfo By: ei lay at Jun 20, 2012
Comment #2

Thanks to Ma Ei..

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment