အချစ်ရဲ့ ကမ္ဘာ
မျက်ရည်တွေ သုတ်လိုက်တော့
ဟောဒီ ငါ့ရင်ဘတ်ကြီး စိုဖတ်သွားတဲ့အထိ
သုတ်လိုက်တော့ . .
နင့်ရဲ့ မလှပခဲ့တဲ့ သမိုင်းဟောင်းနဲ့
နာကျည်းမှု အတိတ်တွေလည်း
ချန်ရစ်ခဲ့ . . .
နင့်ရဲ့ စိတ်နဲ့ နင့်ရဲ့ ခန္ဓာ
ဘာတွေဖြစ်ခဲ့သလဲ ! ! !
ငါကတော့ ချစ်မှာပဲ . . .
နောက်ပြန်မဆုတ်တတ်တဲ့ သတ္တ၀ါ
ငါဆိုတဲ့ကောင်က
နင့် အပေါ်မှာမှ ငြိတွယ်ခဲ့မိပြီလေ . . .
လူဆိုတာတော့ အမှားနဲ့မကင်းနိုင်
ငါအားလုံးကို နားလည် ခွင့်လွှတ်ထားတယ် . . .
မင်းမှားခဲ့တဲ့ အပြစ်တွေ အားလုံးအတွက်လည်း
ငါ နှလုံးသားနဲ့ရင်းပြီး ပေးဆပ်မယ် . . .
ကြည်ဖြူစွာနဲ့ပေါ့ . . .
ဝင်လာခဲ့တော့ ကောင်မလေးရယ် . . .
မင်းရဲ့ သိမ်ငယ်မှုတွေနဲ့ ငိုကြွေးခြင်းတွေ
အပြင်ဘက်မှာထားခဲ့တော့ . .
ငါ့ရင်ခွင်ထဲမှာ အဖြူစင်ဆုံးကမ္ဘာလေးတစ်ခု
မင်းအတွက် ဖွင့်လှစ်ခဲ့ပြီလေ . . . ။ ။
သိုးမည်း(UCSM)
29.May.2011 10:57 PM
Comment #4
so kind-hearted,
she is so lucky that got ur pure love.
By: ei lay at Aug 6, 2011
Comment #5
really envious of u
By: ei lay at Jan 10, 2012
Comment #6
read 3 times
By: ei lay at Feb 2, 2012
Comment #7
be hna khar hman taung ti dot bu,,
kha na kha na phat phyit de,
By: ei lay at Mar 16, 2012
Comment #9
nout 1 khar phat mi pyan par p.
By: ei lay at Mar 30, 2012




Comment #1
Nice poem coz good writing.