Professional Authors

ကန့်လန့်ကောင်

ညဆိုတဲ့ သတ္တဝါက ကန့်လန့်ကာချလိုက်ရုံနဲ့

မှောင်ရ … အိပ်ရ … အိပ်မက်ရတာ

တဆိတ်တော့ စိတ်နာဖို့ကောင်းလှချည်ရဲ့

ဒီမှာ မအိပ်ဘဲ မက်တဲ့ အိပ်မက်တွေ

ညနက်နက်ထဲ ဝဲပစ်လိုက်ရဖို့

ကျုပ်ဆိုတဲ့ကောင်က ….  ဖီးလ်ကျဲတယ်

 

လကို ဇောက်ထိုးချိတ်ထားလိုက်တော့

ကိုယ့်အလင်းနဲ့ကိုယ် မိုက်တတ်တဲ့ကောင်ပါ

အသစ်ဆိုတဲ့ကောင်က ဇရာကို မလွန်ဆန်နိုင်မှတော့

စိတ်ညွန့်တုံးခံပြီး ထိုင်နေမဲ့အတူတူ

ရေတခွက်ယူပြီး လောင်းချလိုက်တယ်

( ကိုယ့် ခြောက်သွေ့ခြင်းတွေအပေါ် )

 

ပြန်ပြန်ဝတ်နေရတာနဲ့ စာရင်

ဒီတစ်ထည်တည်းသော သိက္ခာကို

မဲပြာပုဆိုးမဝယ်ခင်ကတည်းက လွှင့်ပစ်ခဲ့သင့်တာ

အခုတော့ ….

စွန့်ပစ်ခံ ရောဂါချင်း အတူတူ

ခေါစာပစ်ခံရတာ ….. နာတယ် …

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jun 17, 2012
Comment #1

လေးလေး နက်နက် ဖတ်သွားပါတယ်

commentinfo By: sone.pyuu at Jun 17, 2012
Comment #2

နှစ်သက်မိပါတယ်
….
ဆရာ..
ကျွန်တော်အားပေးနေပါတယ်

commentinfo By: အသဲကွဲမိုး at Jun 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment