Professional Authors

ရင်လွဲ……….ပုံပြင်

ကျွန်တော်က အဆိုတော်ဗျ
ဘာ electrical power မှသုံးစရာမလိုဘူး
နဂို ဘုရားပေးတဲ့အသံ နဲ့ ရင်တွင်းက အကြံ
ကိုက်ညီမှုအပြည့်
အောင်မြင်မှုအတွက်..အယောင်ဆောင် မတတ်တာ ကလွဲရင်ပေါ့ဗျာ
ဘာာာ!!! ကျွန်တ်ာက အရူး ???ဟုတ်စ
ဘ၀မှာ ဒီစကားက အခါးဆုံး
အမုန်းဆုံးစာရင်းမှာ နံပါတ် ၁ ၀င်တယ်။
သီချင်းမှန်သမျှ ချက်ချင်းကျွန်တော် အလွတ်ရ
နှုတ်ထွက်တေးသွား မကြားရတိုင်း
ကျွန်တော့်ကို…………………..
ဆွံ့ အ သူလို့..မပြောကြပါနဲ့ဗျာ
တနေ့
ကျွန်တော် စကားလုံးပေါင်းများစွာ သီးကြူးပြပါ့မယ်
ခုတော့
..ဒီလောကနဲ့ မကိုက်ညီသေးတာမို့
တယောက်ထဲလေလွင့် ..ကျွန်တော် ဘ၀င်မြင့်လို့ လမ်းမှားစေ ဆက်လျှောက်ဦးမယ်

…………………………………………………………………………..

ကျွန်မက သူဌေး.
ငေးရလောက်အောင်..လှတယ်
အတွေးပိုင်းလည်း သိပ်ထက်မြတ်လို့
အဆိပ်တက်အိပ်မက် ..တခေါက်တောင်မမက်ဖူးခဲ့
ငွေကျပ်တွေနဲ့ ရှင်သန်ရာမှာ မပျော်ပိုက်တာကလွဲ
(သက်မဲ့)အရာအားလုံးနဲ့ အဆင်ပြေတယ်
တငွေငွေနဲ့ တငွေ့ငွေ့လောင်ကျွမ်း

အဲလိုသာဆို
ပိုက်ဆံကိုခေါင်းအုံးချုပ်..
ပုဆိုးလုပ်ဝတ်တဲ့ခေတ်
ကျွန်မ နှုတ်ထွက်လို့စွန့်ခွာ..
.ဝေးရာမှာ..တေးဆိုနေပါရစေ
တယောက်တဲ့ရှိကမ္ဘာ..မင်းမူလို့ ၀ တဲ့အခါ
လှမ်းပြန်လာဖို့ကြိုးစားပါ့မယ်
ခုတော့….တာ့တာ

…………………………………………………………….

ခေါင်းမှာလည်းပေပွ
ဂစ်တာကိုလက်မှာပိုက်လို့
တယိမ်းတယိုင်လှမ်းလျှောက်လာတဲ့
သူ့အပြုံးဟာ….သိပ်ကို သာယာချိုမြပါတယ်
ကျွန်မ အမောတွေကို..အပြုံးတချက်နဲ့တင် ကြွေကျစေနိုင်သူ…
သူဟာကျွန်မ ရဲ့ ဘ၀ ပဲဖြစ်လိမ့်မယ်

အင်္ကျီအစုတ်….ခြေဗလာရုပ်နဲ့
ဖိနပ်ထုတ်ကို လက်မှာပွေ့ပိုက်
လှလှပပ၀ိုင်းနေတဲ့
မျက်ဝန်းလေးက လှလိုက်တာဗျာ
ကျွန်တော့် အတွက်တော့ သံစဉ်တေးတပုဒ်ပါပဲ
လည်ပြန်ငေးချင်မိတယ်..နှာခေါင်းပွပွလေးနဲ့ ကျွန်တော့် ကဗျာလေးကိုပေါ့

…………………..

ရင်ခုန်သံက တိုးတိုးလို့မြန်
ဆိုးဆိုးလာတဲ့ အကြည့်တွေကြား
ကျွန်မ မယုံနိုင်အောင်လမ်းမှား…
အကယ်၍သူကသာ
ကြည်ဖြူမယ်ဆို….ဒီဘ၀..သူ့အနားမှာတင်ပြာကျခွင့်ရှိလိုက်ချင်တယ်
(အချစ်ဆိုတဲ့ အဓိပ္ပါယ်ဟာ..သူ ပဲဖြစ်တယ်)

 

ဖိနပ်စုတ်မှာ စိုးထိတ်…လက်နှစ်ဖက်နဲ့ ပွေ့ချီပိုက်ထားတဲ့
ကျွန်တော့် ကဗျာရှင်မလေး….ရယ်
သင့်အတွက်ဆို..ဒီဘ၀ ဒီဂီတ ကိုပါစွန့်နိုင်ပါရဲ့..ငါ့ခိုးနားရာ နင်ပဲဖြစ်တယ်

………………………………………………………………………………

အဝေးကလှမ်းလှမ်းမက်တဲ့ အိပ်မက်ဦး
အနီးကပ်မှ ကြွေကျ…မျှော်လင့်သလို…သူ့စကားကြားရဖို့
အခွင့်မသာခဲ့..တကယ်တမ်းလွဲသွားတဲ့ ဆုံမှတ်မှာ
သူ…ငေးလို့တောင်မကြည့်ခဲ့ဘူး။


ချစ်တယ်ကောင်မလေး…..
နင့်ကိုငါချစ်တယ်..အထပ်ထပ်အော်ကာပြောလည်း
ထွက်မလာနိုင်မယ့် ဒီကြမ္မာ နောက်
ငါ့ကမ္ဘာထဲ နင်ရောက်လာမှာစိုးထိတ်
ငါ့အတွက်နင်..လောကကိုအောက်ကျရတော့မယ်
အမှားတွေသာ စီမြန်းထားတဲ့….သူ
ငါ့ကို…..တဖတ်သတ်ဆန်စွာ….တွေး..
အဆုံးစွန်ထိ..မုန်းလိုက်စမ်းပါ့…..
နင်ညှိုးငယ်မှာ…ငါကြောက်တယ်

……………………………………………………………………..

သူတကယ်..ဝေးရက်ခဲ့ပြီ
ဘယ်တော့မှန်းမသိတဲ့ အချိန်ကာလ တခုကိုမျှော်
တနေ့မှာ..
သူအရောက်ပြန်လာနိုင်ကောင်းရဲ့တွေး
ဆုံခဲ့ဖူးတဲ့..ဒီနေရာလေးမှာ….ဆွေးလို့
နင့်ကို တမ်းတနေဦးမယ်
တကယ်ပါ
တနေ့…မြတ်နိုးမှုတချို့ရောင်ပြန်ဟတ်လို့
သူ…လှမ်း…ပြန်..လာ..ပါ..လိမ့်မယ်
ယုံကြည်စွာ..မှန်းစောင့်နေဦးမယ်
ဒီနေရာလေးက မရွှေ့စတမ်းပေါ့

 
ငါ့အတွက်နဲ့ နင် အောက်ရောက်မှာစိုးထိတ်
ကြောက်စိတ်တချို့ရဲ့ တွန်းအားတွေနဲ့
အဝေးကြီးထက်..အဝေးကြီး..ကို လှမ်းလျှောက်လာခဲ့
လချီလို့ နှစ်ပေါက်…နင့်ဆီတော့ ငါ့စိတ်တွေ..ရောက်ရောက်နေတုန်းပဲ
အချစ်ရယ်..တကယ်တမ်းတွေးတော့..ကနဦးအချစ်ပေါ့
ငါ…နင့်ကို သေလောက်အောင်လွမ်းတယ်

 ………………………………………………………………………………

 နမ်းမိတယ်စိတ်ကူးနဲ့ တိုးတိုးဖွဖွညင်ညင်သာသာလေး
ဘာပဲဖြစ်စေ.တော့…အချစ်ရယ်
မျက်ဝန်းဝိုင်းစက် ကျွန်တော့် ကဗျာလေး
ဆေးဖြစ်မယ့် အကြည့်လေးတချက်အတွက်
ဘေးဖြစ်လို့ လူးပါစေတော့
ငါ…..အလွမ်းကို လက်မှိုင်ချ..အလံဖြူပြလို့…နင့်အနား လှမ်းလို့ပြန်လာခဲ့ပြီ
နင်ရှိနေမယ့် ငါ့ကမ္ဘာလေးဆီပေါ့

……………………………………………………………………..

အားအင်ချိနဲ့ကာ ဆုတ်ယုတ်
နင့်အတွက်ငါ..ကြိုးစားအားထုတ်လို့
ဆက်ပေကာစောင့်နေချင်လည်း
အသိစိတ်နဲ့ ခန္ဒာ ဝေးမြဲ..ဝေးခဲ့
ဒီဘ၀..ဒီခန္ဒာနဲ့ အဆက် ပြတ်တောက်ကာသွားပြီ
ငါ့ကို နားလည်လို့ စာနာပေးပါ..

ငါ့သခင်ရယ်

နင့်ကိုငါ..ဘ၀ပြောင်းလဲ…စောင့်နေတုန်းပါပဲ။

 
အချစ်ရယ်….
ကျွန်တော့် အချစ်ဆုံးလေးရယ်
စောင့်နေခဲ့မှန်းသိသာအောင်..ရုပ်ခြွေလို့သွားခဲ့လေသလား
အမှားတွေဆက်တိုက်ကြား..အမှန်တခုအတွက်
နေရာမရှိတော့
နင်မသိတော့ပေမယ့်..နင့်အနားငါ..ရောက်နေပြီလေ
အခွင့်ရယ်များသာ..နောက်နောင်ဆိုတာများရှိခဲ့ရင်

နင့်လိပ်ပြာနဲ့ ငါ့နှလုံးသား

ကမ္ဘာဆုံးတိုင် အတူတကွ..ရွက်လွှင့်နိုင်ပါရစေ

ငါ့ကို…ခွင့်လွှတ်ပါ။။။။။။။(.အချစ်..ဆိုပေမယ့်…လွဲခဲ့တယ်)။။။

 

In: ကဗျာ Posted By: Date: Jan 25, 2012
Comment #1

တကယ်ပါပဲဗျာ….ကဗျာလေး တစ်ပုဒ်လုံးကို ကြိုက်ပါတယ်ဗျာ..
မမိုးရေ..လေးစားအတုယူလျက်ပါ…

commentinfo By: သက်တန့်ရောင် at Jan 25, 2012
Comment #2

wow !
wow !
wow !
wow
!…….အရမ်းးကိုလေးစားလျှက်ပါဗျို့ ……..xo xo good !

commentinfo By: sharon myorr myor at Jan 26, 2012
Comment #3

ဟုတ်တယ်…………
အချစ်ဆိုပေမယ့်………………လွဲခဲ့ကြရတယ်
(ရွှေကြယ်မိုး)

commentinfo By: yaewintaung at Jan 26, 2012
Comment #4

အံ့မခန်းပါပဲမိုးရယ်…..

commentinfo By: May Kha at Jan 26, 2012
Comment #5

ကျွန်မက သူဌေး.
ငေးရလောက်အောင်..လှတယ်
အတွေးပိုင်းလည်း သိပ်ထက်မြတ်လို့
အဆိပ်တက်အိပ်မက် ..တခေါက်တောင်မမက်ဖူးခဲ့
ငွေကျပ်တွေနဲ့ ရှင်သန်ရာမှာ မပျော်ပိုက်တာကလွဲ
(သက်မဲ့)အရာအားလုံးနဲ့ အဆင်ပြေတယ်
တငွေငွေနဲ့ တငွေ့ငွေ့လောင်ကျွမ်း
အဲလိုသာဆို
ပိုက်ဆံကိုခေါင်းအုံးချုပ်..
ပုဆိုးလုပ်ဝတ်တဲ့ခေတ်
ကျွန်မ နှုတ်ထွက်လို့စွန့်ခွာ..
.ဝေးရာမှာ..တေးဆိုနေပါရစေ
တယောက်တဲ့ရှိကမ္ဘာ..မင်းမူလို့ ၀ တဲ့အခါ
လှမ်းပြန်လာဖို့ကြိုးစားပါ့မယ်
ခုတော့….တာ့တာ

…………………………………………………………….
ကောင်းပါ့ဗျာ…..။

commentinfo By: zawthetoo at Jan 26, 2012
Comment #6

ငါ့သခင်ရယ်
နင့်ကိုငါ..ဘ၀ပြောင်းလဲ…စောင့်နေတုန်းပါပဲ။

မိုးရယ်…..အရမ်းကောင်းလွန်းတယ်ဗျာ…..ဘာပြောရမှန်းတောင်မသိတော့ဘူး…ကေ အမြဲအားပေးနေပါတယ်…။

commentinfo By: ကေသရီ at Jan 26, 2012
Comment #7

ငါ့အတွက်နဲ့ နင် အောက်ရောက်မှာစိုးထိတ်
ကြောက်စိတ်တချို့ရဲ့ တွန်းအားတွေနဲ့
အဝေးကြီးထက်..အဝေးကြီး..ကို လှမ်းလျှောက်လာခဲ့
လချီလို့ နှစ်ပေါက်…နင့်ဆီတော့ ငါ့စိတ်တွေ..ရောက်ရောက်နေတုန်းပဲ
အချစ်ရယ်..တကယ်တမ်းတွေးတော့..ကနဦးအချစ်ပေါ့
ငါ…နင့်ကို သေလောက်အောင်လွမ်းတယ်

commentinfo By: သူရ at Jan 27, 2012
Comment #8

ငါ့အတွက်နဲ့ နင် အောက်ရောက်မှာစိုးထိတ်
ကြောက်စိတ်တချို့ရဲ့ တွန်းအားတွေနဲ့
အဝေးကြီးထက်..အဝေးကြီး..ကို လှမ်းလျှောက်လာခဲ့
လချီလို့ နှစ်ပေါက်…နင့်ဆီတော့ ငါ့စိတ်တွေ..ရောက်ရောက်နေတုန်းပဲ
အချစ်ရယ်..တကယ်တမ်းတွေးတော့..ကနဦးအချစ်ပေါ့
ငါ…နင့်ကို သေလောက်အောင်လွမ်းတယ်………….
ကောင်းတယ်ဗျာ

commentinfo By: သူရ at Jan 27, 2012
Comment #9

i don’t think so,,,

commentinfo By: ei lay at Jan 27, 2012
Comment #10

ဆွံ့ အ သူလို့..မပြောကြပါနဲ့ဗျာ
တနေ့
ကျွန်တော် စကားလုံးပေါင်းများစွာ သီးကြူးပြပါ့မယ်
ခုတော့
..ဒီလောကနဲ့ မကိုက်ညီသေးတာမို့
တယောက်ထဲလေလွင့် ..ကျွန်တော် ဘ၀င်မြင့်လို့ လမ်းမှားစေ ဆက်လျှောက်ဦးမယ်

အားပေးသွားပါတယ် အစ်မတော်

commentinfo By: moehtetaung18 at Jan 27, 2012
Comment #11

မမိုးတော့…လုပ်ချသွားပြန်ပြီးးးးးးးး
ကြိုက်….ကြိုက်သွားပြီး

commentinfo By: poem.poem28 at Jan 27, 2012
Comment #12

ငါ့ကို…ခွင့်လွှတ်ပါ။။။။။။။(.အချစ်..ဆိုပေမယ့်…လွဲခဲ့တယ်)။။။
ငါ့ကို…ခွင့်လွှတ်ပါ။။။။။။။(.အချစ်..ဆိုပေမယ့်…လွဲခဲ့တယ်)။။။
ငါ့ကို…ခွင့်လွှတ်ပါ။။။။။။။(.အချစ်..ဆိုပေမယ့်…လွဲခဲ့တယ်)။။။

တစ်ပုဒ်လုံးကောင်းတယ်ဗျာ။ အားပေးသွားပါတယ်အသဲကွဲမိုးရေ …

commentinfo By: ကြယ်စစ်သည် at Jan 27, 2012
Comment #13

ကျွန်တော့် ကိုအားပေးတဲ့ ကဗျာမောင်နှမများအားလုံးကိုကျေးဇူးအရမ်းတင်ပါတယ်ခင်ဗျာ
တကယ်ပါ..ကျေးဇူးတင်ပါတယ်လို့

commentinfo By: အသဲကွဲမိုး at Jan 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment