Professional Authors

ရင်မှမိုး

ညိုယောင်ဆင်၊
ရင်ခွင်ကမိုး။

သူ တိမ်းလေရဲ့၊
သူစိမ်းတွေပြင်ပြင် ပမာမို့၊
အပူကိန်းသူ ရင်ခွင်မှာတော့၊
သခင် မကြင်နာ ဖျက်ခြွေရက်တာကြောင့်၊
မြင်မြင်ရာ မျက်ရည်စက်တွေက၊
ရက်ရှည်ဆက် ငွေ့ရည်ဖွဲ့ပါလို့၊
ဝေ့ကြွေရဲ့ မိုးတွေမစဲအောင်ကွယ်၊
သဲစွေလို့ဖြိုး။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ ခင်ဗျာ …
ဟယ်ရီ

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

သဲစွေလို့ဖြိုး..ရဲ့နောက်မှာဆက်ရန်မရှိတော့ဘူးလား…
ကဗျာလေးက..တိုလိုက်တာ..
တကယ်ဆို..ဟယ်ရီက..စကားလုံးတွေချမ်းသာပါတယ်

commentinfo By: လေပြေ at May 30, 2010
Comment #2

ကြိုက်တယ်ဗျာ…..

commentinfo By: Lumaw at May 30, 2010
Comment #3

ကျေးဇူးပါ ကိုလူမော် နဲ့ လေပြေ ရေ ….

သဲစွေလို့ဖြိုး .. နောက်မှ ဆက်ရန် မရှိတော့ဘူးလေ … ပြီးပြီ … 🙂
ဒါက ဒွေးချိုးဆိုတော့ တိုတာပေါ့ လေပြေရဲ့ … နှစ်ချိုးပဲ ရေးရတယ်လေ … ဒွေးချိုးက ရှည်ရှည်ရေးလေ့မရှိဘူး …

commentinfo By: harry at May 31, 2010
Comment #4

ဒါဆိုလည်း ပြီးရော . . .

commentinfo By: laypyay at May 31, 2010
Comment #5

အခုလို အရေးတယူ ဖြေကြားပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။

commentinfo By: laypyay at May 31, 2010
Comment #6

အခုလို အရေးတယူ ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် 😀

commentinfo By: harry at Jun 1, 2010
Comment #7

ကိုဟယ်ရီရေ…သိပ်ကောင်းတဲ့.ခရမ်းပြာဝိုင်တွေကုန်သွားပြီလား
စောင့်မျှော်အားပေးနေပါတယ်.

commentinfo By: နော်ဧရာဝတီ at Jun 17, 2010
Comment #8

ခရမ်းပြာဝိုင်တွေ ထပ်ချက်နေပါသဗျ … ချက်ပြီးမှ အဝသောက်နော် … ကျေးဇူး နော်လေး

commentinfo By: harry at Jun 18, 2010
Comment #9

ဟေး ဟယ်၇ီ ၀ိုင်ဆို အိုင်လဲကြိုက်တယ်
ချက်ပြီး၇င် ပြောအုံးနော်
မမေ့နဲ့

commentinfo By: favourite2me at Jun 19, 2010
Comment #10

ကောင်းပါပြီဗျာ … ချက်ပြီးရင် မမေ့မလျော့ လက်တို့ပါ့မယ် … စိတ်ချ

commentinfo By: harry at Jun 19, 2010
Comment #11

မိုး အကြောင်းထပ်ရေးပေးပါအုံး
တိုက်ဆိုင်တတ်လို့ ကြိုက်တာမဟုတ်ပေမယ့်
တိုက်ဆိုင်မှု့ရှိတော့ ပိုပြီးသဘောကျတာပေါ့

commentinfo By: moemoe at Apr 30, 2011
Comment #12

ဒီကဗျာလေးကိုအရမ်းကြိုက်ပါတယ်…
နှင်းတွေအကြောင်းရေးထားတာမဟုတ်ပေမယ့်လည်းလေ..
🙂

commentinfo By: နှင်းဖွေးလေး at Apr 30, 2011
Comment #13

@moemoe => နောက်တပုဒ်ရှိပါသေးတယ် မိုးမိုးရေ … “မျက်ဝန်းမှ …’ ဆိုတဲ့ခေါင်းစဉ်နဲ့ပါ …
https://www.poemscorner.com/post-type/myanmar-poems/105 မှာ ဖတ်ကြည့်နော် … ကျေးဇူး

@နှင်းဖွေးလေး => နှင်းတွေအကြောင်းမဟုတ်ပေမဲ့ ဆောင်းအကြောင်း ရေးထားတာလေး တင်ပေးလိုက်ပါတယ်ဗျာ …. ကျေးဇူးနော် …

commentinfo By: harry at May 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment