Professional Authors

အရိပ်လွမ်း

အရိပ်လွမ်း

အရိပ်လွမ်းနဲ့၊ စိတ်နွမ်းခဲ့သော၊ ကမ်းမဲ့အချစ်၊ လွမ်းခဲ့ ဖြစ်စဉ်၊ မြစ်ပြင်တလျှောက်၊ နစ်ဝင်ပျောက်ကာ၊ ရင်အောက်မှာကွယ့် အတိတ်နွမ်း။

အတိတ်နွမ်းနဲ့၊ ကြိတ်လွမ်းခဲ့သော၊ လမ်းရဲ့အဖြစ်၊ နွမ်းယဲ့နစ်ဝင်၊ ဖြစ်အင်တခေါက်၊ သစ်ပင်ခြောက်သာ၊ ပင်အောက်မှာကွယ့် အဆိပ်ပန်း။

အဆိပ်ပန်းရဲ့၊ ရိပ်လွှမ်းခဲ့သော၊ လွမ်းဖွယ့်သနစ်၊ ကျွမ်းခဲ့ရစ်စဉ်၊ ချစ်လျှင်တယောက်၊ ဖြစ်စဉ်နောက်မှာ၊ ဝင်ရောက်လာတဲ့ အရိပ်လွမ်း။ ။

စကြာလည် ကိုယ်တွင်းပြည့် ပိုဒ်စုံရတု ရေးတဲ့ပုံစံနဲ့ ရေးထားတာပါ။ ဒါပေမဲ့ ရတုလို့တော့ မသတ်မှတ်ချင်ပါဘူး။ နဘေကိုက်အောင်ရေးထားတဲ့ လေးလုံးစပ်ကဗျာလို့ပဲ ယူဆပေးပါ။
 
ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါခင်ဗျာ …

ဟယ်ရီ 

In: ကဗျာ Posted By: Date: Sep 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment