Professional Authors

အသည်းကွဲ ညည်းချင်းသစ်

ဟိုးအဝေးက၊ အဆွေးညမှာ၊
တွေးစအမျှင်၊ တစပြင်လို၊
ရင်ခွင်ထက်ကျ၊ ကွဲအက်ရှတဲ့၊
မွမွအသည်း၊ ခဏပဲဖြစ်ဖြစ်၊
အသစ်တဖန်၊ ပြန်ရှင်သန်ရာ၊
ပြန်ကာရှာတွေ့ ပါရစေ။

မိုးပြေးခဏ၊ သွန်းရွာချစဉ်၊
လွလွဖြူဖွေး၊ စပယ်ထွေးတို့၊
မွှေးမြမြပွင့်၊ နမ်းလိုချင့်ဖွယ်၊
ပန်လင့်ရွယ်လဲ၊ သဲညှာမြဖူး၊
စပယ်ဦးကို၊ ခူးခွင့်မဆုံ၊
ပွင့်အငုံနဲ့၊
မကြုံရဘဲ ဝေးပြန်သည်။

ညှိုးရှေးဘဝ၊ ဆိုးခဲ့ရသည့်၊
မိုးညအိပ်မက်၊ ပျက်သည့်အသည်း၊
အလဲလဲပြို၊ စပယ်ကိုလွမ်း၊
ကျောင်းခန်းထဲမှာ၊ ဒဏ်ရာတွေချည်း၊
ညှာကြွေတခက်၊ ရက်ရက်လွင့်မြော၊
ပျော်လဲမောသည်၊ သောကဆိုတာ၊
နွေခြေရာပေါ့၊ ဝေဒနာပို၊
ငိုမြဲငိုမယ်၊ အငိုရယ်ဖွဲ့၊
စပယ်လဲဝေး၊ အသည်းဆွေးရင်၊
အေးရိပ်ဆိုတာ တွေ့လိုသည်။ ။

ဖတ်ရှုခံစားအားပေးတဲ့အတွက် ကျေးဇူးအထူးပါ …

ဟယ်ရီ

In: ကဗျာ Posted By: Date: May 27, 2009  
Comment #1

ကာရန်က ၄ ၃ ၁၊ ၄ ၃ ၂ ယူချင်သလို ယူထားတာလားရော်..

ဟိုးအဝေးက၊ အဆွေးညမှာ၊
တွေးစအမျှင်၊ တစပြင်လို၊
ရင်ခွင်ထက်ကျ၊ ကွဲအက်ရှတဲ့၊
မွမွအသည်း၊ ခဏပဲဖြစ်ဖြစ်၊
အသစ်တဖန်၊ ပြန်ရှင်သန်ရာ၊
ပြန်ကာရှာတွေ့ ပါရစေ။

အဲဒီမှာ ခဏပဲဖြစ်ဖြစ်၊ က ထောက်မနေဘူးလားလို့ရော်..

commentinfo By: အရဲ at May 27, 2009
Comment #2

ဟုတ်တယ်လေ … ကာရန်တမျိုးတည်းနဲ့ပဲ စပ်ရမယ်လို့ စည်းမျဉ်းမှမရှိတာ … ယူတတ်ရင် ကာရန်ခြောက်မျိုးလုံး သုံးပြီးစပ်လို့ရတာပဲ
ခဏပဲဖြစ်ဖြစ် က လေးလုံးပဲယူရတယ် … က မတြာဝက်သံမို့ ပေါ်လွင်ထင်ရှားတဲ့အသံမဟုတ်တဲ့အတွက် သူ့ကို စာလုံးတလုံးအနေနဲ့ ထည့်မရေဘူး

commentinfo By: harry at May 28, 2009
Comment #3

ကာရန်က ခြောက်မျိုးတောင် ရှိတယ်?? အရဲလည်း မသိရပါလား.. ဟီးဟီးးး

commentinfo By: အရဲ at May 28, 2009
Comment #4

မိုက်သဗျာ..ဖတ်ပြီးတာတော့ကြာပါပြီ ခုမှ comment ထားဖြစ်တာ..ကိုဟယ်ရီကြီးရေး ချိတ်ချိုးနဲ့ နော် ဟီး..ခရမ်းပြာကဗျာရေးပါဆိုနေနနနနန..

commentinfo By: Hninzisue at Jun 6, 2009
Comment #5

ကဲ ရေးပြီဗျာ … ခရမ်းပြာကဗျာ
ခရမ်းပြာကဗျာ ခရမ်းပြာကဗျာ
ခရမ်းပြာကဗျာ ခရမ်းပြာကဗျာ

ရမ်း
ပြာ
က
ဗျာ

ခရမ်းပြာကဗျာ ခရမ်းပြာကဗျာ
ဟုတ်ပြီလား

commentinfo By: harry at Jun 6, 2009
Comment #6

ကောင်းလိုက်တဲ့ ခရမ်းပြာကဗျာ
ကိုဟယ်ရီစိတ်ပုတ်မနေနဲ့

commentinfo By: Hninzisue at Jun 6, 2009

Leave Comments

Name*

Email*
Website
Email me whenever there is new comment