Professional Authors

သုံးမျိုး ဂျင်

သုံးမျိုး ဂျင်

 

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ

တံတောင်တွေ ညောင်းလာပြီ

စကားလုံး အဟောင်းအမြင်းတွေက

ချက်ကြိုးတန်းလန်းနဲ့

ရုပ်သေးရုပ် ဇာတ်ဝင်ခန်းကို

အသက်ဝင်အောင် ကြိုးဖြတ်ပြီး ကတယ်

 

ကြယ်ပွင့်လေးကိုမှ ချစ်သော

မြေနံ့မစင်သေးတဲ့ ကောင်ပါကွယ်

ယုံယုံကြည်ကြည်နဲ့

ဗလာစာရွက်ဖြူဖြူလေးပေါ်

မြစ်တွေနဲ့ မျဉ်းသားဖို့ကိုလဲ

ထုံထုံပေပေ ကြိုးစားခဲ့ဖူးလေရဲ့

 

တလမ်းသွား အိပ်မက်တွေထဲ

ရေဆန်ကို ဆေးရောင်လှလှချယ်မှူန်း

စစ်အရှုံးဆုံး နှလုံးသားနဲ့

အလှပဆုံး အပြုံးတပွင့် …

ဒီလူ

ရင်နင့်အောင် ပွင့်ပြခဲ့တယ် ။

 

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Jun 9, 2012
Comment #1

စစ်အရှုံးဆုံး နှလုံးသားနဲ့

အလှပဆုံး အပြုံးတပွင့် …

ဒီလူ

ရင်နင့်အောင် ပွင့်ပြခဲ့တယ် ။ good poem !!!

commentinfo By: moezat at Jun 10, 2012
Comment #2

nice,
good luck

commentinfo By: ei lay at Jun 10, 2012
Comment #3

ကျွန်တော်နှစ်သက် အားကျစွာ ခံစားအားပေးသွားပါတယ်ခင်ဗျာ

commentinfo By: အသဲကွဲမိုး at Jun 11, 2012
Comment #4

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ

တံတောင်တွေ ညောင်းလာပြီ……..
ကိုချီရေ….ပျောက်ချက်သားကောင်းလှချည်လား…
လိုင်းပေါ်တက်လာပါဦး….ဗျ..။ 🙂

commentinfo By: terry at Jun 11, 2012
Comment #5

ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာ

တံတောင်တွေ ညောင်းလာပြီ

commentinfo By: sainobermaung at Mar 16, 2013
Comment #6

အားပေးသွားကြသူအပေါင်းကို ကျေးဇူးတင်ပါတယ်။ ကိုယ့်ကဗျာကိုလည်း ပြန်ဖတ်မိသွားတယ်။ ပျော်ရပါတယ်။

commentinfo By: ChIr0N at Mar 16, 2013
Comment #7

အရမ်းလှတဲ့ကဗျာလေးပါဗျာ

commentinfo By: အောင်မော်ဟိန်း at Mar 16, 2013
Comment #8

ကျေးဇူးဗျာ ကိုအောင်မော်ဟိန်း။ ဒါနဲ့ ကျုပ်အကို ကိုဂျွန်တော့ မဟုတ်ပါဘူးနော်။

commentinfo By: ChIr0N at Mar 16, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment