Professional Authors

အင်းလျားနှင့်မိတ်ဖွဲ့ခြင်း

ရေငွေ့ရိုက်ခံထားရတဲ့ အင်းလျားက

သွားတိုက်ရင်းပြောတယ်…

ဒီမိုးကြောင့်သူများနှာသစ်နေရတာတဲ့။

 

သူ့ဝသီက

မနက်ခင်းနဲ့ပေါင်းရင်း

ငှက်တွေကိုခြောက်လှန့်နေကျ

ငါပိုင်တာ ကျွန်းလှလှလေးတစ်ခုလို့လည်း

နေဝင်ဝင်ပြတတ်သေးတယ်။

 

လေယာဉ်ပျံတွေလည်းမရှိဘူး

မိုင်ပေါင်းများစွာထိလည်း မစီးဆင်းတတ်ရှာဘူး

ဟိုဘက်ကမ်းရပ်လိုက် ဒီဘက်ကမ်းဝင်ရပ်လိုက်နဲ့

ယဉ်ယဉ်လေးကူးခတ်ပြနေကျ…။

 

နွေနှောင်းရွက်ကြွေတွေစားသုံးရင်း

အသက်ရှည်ခဲ့တာလည်း ကြာပေါ့

သူကပြောသေးတယ်

မြစ်တွေအကြောင်းတော့

ကောင်းကောင်းနားမလည်ဘူးတဲ့။

 

ငါ့ကိုလွမ်းနေကြပါလို့

ဂယက်တွေ ထပြတုန်းကတော့

နာရီကိုမုန်းသူအဖြစ်

(ငါလည်း)

တံတားဖြူကနေ လက်ပြခဲ့တယ်။

 

 

 

 

နေပိုင်

In: ကဗျာ Posted By: Date: Dec 25, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment