လူပြက်
ဖြစ်လိုက်ရင် အသည်းအသန်
ကြုံလိုက်ရရင် သွေးပျက်စရာတွေချည်းပဲ
ပြတင်းပေါက်ဘောင်ပေါ်လက်တင်ပြီး တံခါးကို ပိတ်မိတယ်
နာလွန်းလို့အော်တော့ ကောင်မလေးက ဟားတိုက်တယ်
သစ်ကိုင်းကို ဖျောက်ခနဲချိုးလိုက်တဲ့အသံမှာတောင်
ကျွန်တော်က မဆီမဆိုင် နာကျင်တတ်ခဲ့သူပါ
ကျွန်တော်ဟာ အရာရာနဲ့အကြောင်းကြောင်း ထုပ်ပိုးထားတဲ့
ဟာသဆန်ဆန်တင်ဆက်မှုတစ်ခုလား
ရယ်သံလွင်လွင်လေးတွေကို ကြားခွင့်ရချင်ရင်
မျက်ရည်တွေကို မျက်လုံးအိမ်နဲ့ ၀ှက်ထားပေးရမယ်တဲ့လား
အခု ကျွန်တော်ကိုယ်တိုင် အသံထွက်ရယ်ကြည့်ချင်တယ်
လျှာက အာခေါင်ကို ဓားချွန်လို ကလန့်ထားတယ်
ကျွန်တော့်စိတ်နဲ့ကျွန်တော့်ကိုယ်ကို
အမဲဖျက်မယ့်စဉ်းတီတုံးပေါ် ပစ်တင်ထားရတယ်
ကိုသျှား
Comment #3
ဖြစ်လိုက်ရင် အသည်းအသန်
ကြုံလိုက်ရရင် သွေးပျက်စရာတွေချည်းပဲ
By: ငယ် at Jun 9, 2012
Comment #4
လူပြက်ပါပဲ …..
သစ်ကိုင်းကို ဖျောက်ခနဲချိုးလိုက်တဲ့အသံမှာတောင်
ကျွန်တော်က မဆီမဆိုင် နာကျင်တတ်ခဲ့သူပါ ……. မိုက်ချက် … လန်ထွက်
By: ChIr0N at Jun 9, 2012
Comment #6
တကယ့်လူပြတ်ပါပဲလား
မနိုင်ဘူး….
By: loafer at Jun 9, 2012
Comment #8
hahahah…………………
By: cynthia at Jun 15, 2012




Comment #1
rrrrrr
yee phoe ma kaung par bu,,
phat p dot kyat ti hta de,,ta nar phoe le kaung de,