Professional Authors

အတိတ်ကချစ်သူ

စွဲလမ်းခဲ့တာလေ

ရူးရူးမူးမူးပေါ့

ခံစားလိုက်ရတာက

သေလောက်တယ်

ဝမ်းနည်းတာကလည်း

ရင်နှစ်ခြမ်းကွဲအောင်ပဲ

ကြေကွဲခဲ့ရတာက

အသည်းနင့်အောင်ပေါ့

ငိုလိုက်ရတာကလည်း

မျက်ရည်တွေတောင်ခမ်းလုပြီ

ဒဏ်ရာတွေလွန်းလို့

နှလုံးသားမှာ အမာရွတ်တွေ

ဗရပွနဲ့ ရေလိုမရဘူးပေါ့

လွမ်းရလွန်းလို့ လူလည်း

လေတိုက်ရင်တောင်လဲတော့မယ်

‘ဟေ…အဲ့လောက်တောင်

ရက်စက်ခဲ့တာ ဘယ်သူ့

လက်ချက်လဲကွ…..’

‘သြော်…..တစ်ချိန်က

ရင်နင့်အောင်ချစ်ခဲ့ဖူးသူတစ်ယောက်ပေါ့’

In: ကဗျာ Posted By: Date: Jun 7, 2012
Comment #1

mike de kwar,,
a yae a tar tway ka lone wa pyat tar de,
😛

commentinfo By: ei lay at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment