Professional Authors

အတိတ်

ရုပ်ဆိုးမှုတွေကိုမကြိုက်ရင်
အမာရွတ်တွေထပ်နေတဲ့နှလုံးသားကို
လက်ကလေးနဲ.လာမစမ်းနဲ.ပေါ့။

အထပ်ထပ်ထုထားတဲ့သံကမှ
မာကျောတဲ့ဓားတစ်လက်ရမယ်
ကျီးပေါင်းတက်သစ်ခေါက်မှ
ထူထဲတဲ့အကာအကွယ်ပေးနိုင်တယ်
မင်းလိုချင်တာ
အလှအပလားအကာအကွယ်လား။

ငါပြင်မရတော့သောအတိတ်များကို
ခဏခဏတူးဆွနေတာ
ဘယ်သူ.ကိုနာကျင်စေချင်လို.လဲ
ပြောစရာမကျန်အောင်ငါပြောခဲ့ပီးပီပဲ
ကျေနပ်ပါ။

ရုပ်ဆိုးတဲ့နှလုံးသားတိုင်း
အားနည်းတဲ့နှလုံးသားမဟုတ်ပါဘူး
မင်းကိုချစ်ဖို.မင်းကိုကြင်နာဖို.
ငါ့အတိတ်ဖြစ်ခဲ့ရတယ်လို.
နည်းနည်းလေးတွေးမပေးနိုင်ဘူးလား။

လှပနူးညံ့တဲ့ပင်ပျိုလေးလိုချင်ရင်
အယုယခံ ဥယျာဉ်ဆီသွားပါ
အရိပ်ခိုသစ်ပင်လိုရင်တော့
မုန်တိုင်းခံဒီအပင်ဆီလာပါလေ။ ။

In: ကဗျာ Posted By: Date: Jun 22, 2010
Comment #1

ကြိုက်လိုက်တာ…။။။

commentinfo By: Ema Yar at Jun 22, 2010
Comment #2

ဖတ်ရတာ ရင်ထဲ မကောင်းတာတော့ အမှန်ပဲ
အရမ်းကောင်းတယ် ကဗျာလေးက

commentinfo By: lwanhlainge at Jun 22, 2010
Comment #3

ဟုတ်ပ ဘာမှတောင် ပြောမထွက်တော့ဘူး ကိုမော်နီရေ

commentinfo By: favourite2me at Jun 23, 2010
Comment #4

ချစ်လွန်းလို့ အပြစ်ကင်းစေချင်ခဲ့တာ နေမှာပါလေ….

commentinfo By: မှုံရွှေရည် at Jun 29, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment