Professional Authors

လူက င်ချီ

    လူက င်ချီ

 

 

အခန်းတစ်ခုရဲ့ကြမ်းပြင်

 

သွေးစွန်းနေတဲ့ ဓါးတစ်လက်

 

တောက်ပခြင်း ကင်းကင်းနဲ့

 

မတ်တပ်ရပ်နေတယ် …

 

 

ဒူးထောက်နေတဲ့ အနိုင်ရမှုတစ်ခုရဲ့

 

တွေဝေခြင်း ဟင်လင်းပြင်ကြီးအောက်

 

ရပ်ကြည့်နေသူတွေက မချိပြုံးပြုံးလို့

 

စိတ်ဓါတ်ကျနေတယ် …

 

 

အသိတရား ဆိုတဲ့ အရာတစ်ခု

 

ခင်ဗျားမေ့လျှော့နေတယ်

 

သူ့ကြမ္မာကို ကိုယ့်ကြမ္မာလုပ်ဖို့ကြိုးစားရင်း

 

စိတ်ဓါတ်ယုတ်ညံ့မှု တစ်ခုကို ကျောပိုးထားတယ် …

 

 

ရယ်စရာမကောင်းခြင်းကနေ

 

ဟာသမြောက်စေတဲ့ လူ

 

လူကောင်းနဲ့ လူဆိုး နှစ်မျိုးသာရှိတဲ့ ကမ္ဘာမှာ

 

လူ့ချဉ်ဖက် မဖြစ်စေနဲ့ …

 

 

\”ကမ္ဘာကြီး တစ်ခုလုံး စုံလုံးကမ်းသွားရင်

 

ဖြူစင်တဲ့အပြုံးတွေ တွေ့ရမှာ မဟုတ်ဘူး…\”

 

အနာဂါတ်လှဖို့ အနာတရ မဖြစ်စေနဲ့

                                                               လူသစ်

In: ကဗျာ Posted By: Date: Jun 7, 2012
Comment #1

100% right.
i like so much both title & poem.

commentinfo By: ei lay at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment