Professional Authors

ကျွန်တော် နှင့် ချစ်သူ့ ရနံ့ 

တံမြက်စည်းတစ်လက် ဂေါ်တစ်ပြား
ငါရှင်းလင်းတဲ့ ကြမ်းခင်း…..ခြောက်သွေ့ သွေ့ 
နေရာတကျစီရီ ..သက်ပြင်းချတော့

ဘယ်လိုခင်းခင်း မရှင်းလင်းနိုင်တဲ့
နင့်အငွေ့ အသက်……………..
ရုတ်တရက် ပြတင်းပေါက်ဆွဲဖွင့်
ကောင်းလိုက်တဲ့လေညှင်း..လန်းဆန်းလို့ 

တကယ်ကိုခဏလေးပေါ့….
နင့်အငွေ့ အသက်တွေ ငါပြန်ရတော့
အမှန်တော့ နင်ကငါဆေးကြောလိုက်လို့ 
မရတဲ့ ငါ့ကိုယ်ငွေ့ ဖြစ်နေပြန်တယ်

ကဲ..ထားလိုက်ပါတော့………………..

In: ကဗျာ Posted By: Date: Nov 17, 2012
Comment #1

r,,,larr larrr larrrr
talkie tway ka a yann ko mike de,
daw like dar

commentinfo By: ei lay at Nov 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment