Professional Authors

ပကတိ ဖြူစင်နိုင်စေ …

အပေါ်ယံအခွံပါးနဲ့ မသိမသာအုပ်ထားတဲ့ မင်းရဲ့စိတ်ထား

ငါ လွှာကြည့်ဖို့မလိုသလို ခွာကြည့်ဖို့လည်းမလိုပါဘူး….

ဘယ်လောက်ပဲ ဖုံးဖုံး … မင်းရနံ့ကို အချိန်တန်ရင် 

လေပြေတွေက မှန်မှန်သယ်ဆောင်ပေးလိမ့်မယ် …

ကြွေးကြော်ထားတာတော့ ရိုးရိုးသားသား အဖြူရောင်လေးပါတဲ့

မင်းယူသုံးထားတဲ့အဖြူရောင် အစား ငါ အရှက်ရမိတယ် … 

လူတစ်ယောက် ရဲ့ အဆိုးအကောင်းကို 

ငါတစ်ယောက်ထဲ မှတ်ချက်ပေးလို့လည်းမရ 

ပန်းရနံ့နဲ့ အပုတ်နံ့ စိတ်ကြိုက်ရွေးခွင့်လည်း မင်းမှာ ရှိပါတယ် …

ယုံကြည်မှုတစ်ခုအတွက် စိတ်ဓါတ်တွေယိုင်လဲခဲ့ဖူးသလား … ဒါဆို ပြန်ထလိုက်ပါ …

ဘေးထိုင် ဘုပြောနေပြီး ပတ်ဝန်းကျင်က ထမြောက်သွားသူတွေကို အပြစ်မဆိုချင်ပါနဲ့ … 

ဒါဆို မင်း စိတ်ဓါတ်တစ်ခုလုံး ရှုံးသွားလိမ့်မယ် …

စကားတစ်ခွန်းမှ မပြောဖူးပေမယ့် 

ငါက အဆိုးမြင်ကိုတော့လက်ကိုင်ထားသူမဟုတ် … ဒါပေမယ့် ….

စိတ်ကို စိတ်နဲ့ခံစားနားလည်တတ်ပါတယ် …

(Yamone Phoo)

(6/6/2012)

In: ကဗျာ Posted By: Date: Jun 6, 2012
Comment #1

right,,
han saung de so tar ma kaung bu,
1 chain kya yin a phyit hman paw lar hmar pe.
bar loak loak koh late pyar kou lone phoe lo de,
be thu hma ma ti taung koh kou saunt nat ko lane loh ma ya de a twat kou ko tine pe sate taw ka yout hmar.

commentinfo By: ei lay at Jun 6, 2012
Comment #2

ဟုတ်တယ် အိလေးရေ
ဟန်ဆောင်တဲ့ကာလာတွေက အရမ်းကြောက်ဖို့ကောင်းတယ်
ဒါပေမယ့် အချိန်တန်ရင် မျက်နှာဖုံးတွေကွာကျလာပါလိမ့်မယ် 🙂

commentinfo By: yamone phoo at Jun 7, 2012
Comment #3

hote de,,hote de,,
kou pyu de kan koh htan pyan me.

commentinfo By: ei lay at Jun 7, 2012
Comment #4

လူတစ်ယောက် ရဲ့ အဆိုးအကောင်းကို

ငါတစ်ယောက်ထဲ မှတ်ချက်ပေးလို့လည်းမရ ………..
ကြိုက်တယ်ဗျာ………..။ ။

commentinfo By: သားသား at Jun 8, 2012
Comment #5

ဟုတ် လာအားပေးတဲ့အတွက် ကျေးဇူးပါနော် 🙂

commentinfo By: yamone phoo at Jun 8, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment