Professional Authors

လမ်းပျောက်ငှက်

ယောနသံဇင်ယော်တော့မဟုတ်ပါဘူး
ဒါပေမယ့်
စကတည်းကလွဲခဲ့တဲ့ပန်းတိုင်နဲ့
ရင်ကွဲမတတ်ပျံသန်းလာရတာ
ခြေကုန်လက်ပန်းကျနေပါပြီ
လေမုန်တိုင်းမှန်သမျှကလည်း
ငါ့အတွက်လာနေကျဖောက်သည်တွေပေါ့
အတ္တဆိုတာကိုပြာချထားပြီး
မာနကိုသိမ်းဝှက်ရင်း
နောက်ကျောဘက်ကဓားတွေကိုတောင်
ဆွဲမနှုတ်အားဘူး
ဇွဲကောင်းကောင်းနဲ့ပျံသန်းရင်း
အသိအမှတ်ပြုမှုတစုံတရာကို
အာသာငမ်းငမ်းကိုတောင့်တတယ်
လွဲလွန်းတဲ့မျှော်လင့်မှုတွေအတွက်
ခဏလေးတောင်တွေးမနေချင်တော့ဘူး
လောကကြီးရေ……..
ကျွန်မအတွက်နေရာတကွက်တောင်
မပေးနိုင်တော့ဘူးလား..။               ။

In: ကဗျာ Posted By: Date: May 2, 2011
Comment #1

kaung like dar kwar,,,
yae yae le le g ko heart hti de.

commentinfo By: ei lay at Mar 3, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment