Professional Authors

သူ့အလိုလိုဖြစ်တဲ့ကဗျာ

ကျတော်မသိသေးတဲ့ ချစ်ခြင်းတရားမှာ
ဘယ်အရာတွေက ပုံသေရှိနေမှာမို့လို့လဲ
အရာရာဟာဖြစ်လွယ်ပျက်လွယ်ကြသလို
ကြုံလွယ်ဆုံလွယ်ကြတယ်လေ
အမှန်တရားဆိုတာ
လက်တကမ်းအလိုမှာဘဲရှိတယ်
ကြည့်တတ်ရင် မြင်လွယ်ပါတယ်လေ

တကယ်ဆို ကျတော် အချစ်ငတ်နေတာကြာပြီ…..
ကြောက်ရွှံခြင်းတွေကြီးစိုးနေလို့
အချစ်ဆိုတာကို နာလည်မှုလွဲနေတယ်…..
မျှော်လင့်ချက်တွေက တော့
နှလုံးသားမှာ စိမ့်စမ်းလို့ ပန်းထွက်နေတုန်းဘဲ
ဘယ်နေရာမှာ စီးဆင်းနေမလဲ
အဆုံးမသက်ချင်ဘူး

မသေချာတဲ့ အဖြေကိုရှာနေသလိုဘဲ
မေးနေမိတယ်
ဒီကဗျာဘာလို့ဖြစ်တာလဲလို့
ဘယ်ကစဖြစ်တာလဲလို့
ဘာလို့ဖြစ်လာတာလဲလို့
ရင်ထဲမှာ မေးနေတယ် ဖြေနေတယ်
မကြားနိုင်တဲ့ အရပ်က
ခံစားချက်တွေကို ဘယ်သူက
ရင်ဘက်ထဲလာထည့်ပေးနေသလဲ
သေချာတာက ချစ်ခြင်းရဲ့အစလား
ကျတော်မမေးဘဲ သူကရောဖြေပါ့မလား
ကျတော်စိတ်ထဲမှာတော့ တွေးနေတယ်
ဘယ်သူ့ကိုမေးရမလဲလို့
ဆိုခဲ့သလိုဘဲ
ခုအဖြစ်မှာ မင်းနဲ့ငါနှစ်ယောက်ဘဲရှိနေတော့

မင်းကဖြစ်တဲ့ ကဗျာလား
ငါကဖြစ်တဲ့ ကဗျာလား
မင်းကြောင့် မင်းကြောင့် လို့စွပ်စွဲရမလား
ချစ်တယ်ဆိုတာကိုနာမလည်ဘူး
အလွယ်တကူမပြောချင်ဘူး
အဲဒီတော့ ငါ့ကိုချစ်လားလို့ဘဲမေးချင်တယ်
မင်းကဖြေမှာလား ကဗျာကဖြေမှာလား
သေချာတာက ကဗျာဆိုတာ ဒြပ်မဲ့
အဲဒီတော့ မင်းဘဲဖြေလှည့်လိုက်ပါတော့လေ….
မမြန်းလွန်းဘူးလား မမေးပါနဲ့

ဒါကနှလုံးသားရင်ခုန်ခြင်းတွေနဲ့ တိုင်းတာနေတာဆိုတော့
မင်းအတွက် မြန်ကောင်းမြန်နေမှာပေါ့
ဒါပေမဲ့ စိတ်ထဲမှာရှိတဲ့တိုင်း
ပြောရဲတဲ့သတ္တိသာရှိရင် နားထောင်ချင်ပါတယ်
အဲဒီအတွက်တော့ ငါရဲ့ကြိုတင်ပြင်ဆင်မှုတွေမရှိဘူး
ဒါဟာ ကဗျာရဲ့ ကုန်ကြမ်းလဲမဟုတ်ဘူး

အဲဒီနေရာမှာ ငါပြောပိုင်ခွင့်မရှိသလို
ယုံအောင်လည်းမပြောတတ်ဘူး

ိကိုယ်နဲ့မင်းဆုံနိုင်ခြင်းကို
ဘုရားသခင်ဖန်ဆင်းမှာမဟုတ်ဘူးလေ
မင်းနဲ့ငါဘဲဖန်ဆင်းမှာ

ချစ်ခြင်းတွေနဲ့ငါတို့စိတ်တွေကိုလွှတ်ကြည့်လိုက်
တနေ့ငါတို့မဆုံခင် ဒီညအိမ်မက်မှာ အရင်ဆုံမယ်

ကိုယ့်ကိုသတိရပေး ကိုယ့်အကြောင်းကိုစဉ်းစားပေး
ဒါဆိုမင်းအိမ်မက်ထဲကမောင်စောင့်နေမယ်
အိမ်မက်လှလှမက်ပါစေ………။
In: ကဗျာ Posted By: Date: Oct 5, 2011
Comment #1

အရမ်းကောင်းတဲ့ကဗျာလေးပ်ါ………..ကဗျာလေးထဲမှာခံစားချက်တွေ

စိမ့်ဝင်နေတာခံစားရပါတယ်…………အားပေးသွားပါတယ်နော်………..

commentinfo By: May Kha at Oct 6, 2011
Comment #2

a me…
a me…
lu le lay dot

commentinfo By: ei lay at Nov 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment