Professional Authors

ကင်းဝေးရာ

မျက်လုံးတွေရဲ့ အဆိပ်သင့် ဘာသာစကားကို ဖတ်ရတာ…

လုံးချေ လွင့်ပစ်ခံရတဲ့ စက္ကူတွေ

မသစ်နိုင်တော့တဲ့ အဝတ်မွဲမွဲတွေလို

အလင်းဖျော့ဖျော့ ထွန်းထားတဲ့ တိုက်ပျက်ကြီးထဲ…

ရင်ခွင်အနံ့ဆိုးတွေနဲ့ ငါ ဟာ ကြည့်မကောင်းခဲ့ဘူး

နီကျင်ကျင် ဆံရှည်စတွေထဲ ထိုး ဖွ

ကံမကောင်းခြင်းများ…

လက်ချောင်းတွေကြား ကျွတ်ပါလာတတ်တယ်

ခိုင်ခိုင်မာမာပါပဲ တစ်စုံ တစ်ရာအတွက်တဲ့ (ရုန်းကန် ရှင်သန်)

အရစ်ပြုန်းနေတာ ကြာခဲ့ပြီ

ငါဟာ ဘာလဲ

လူတွေကြားထဲ သိုးမည်းကောင်လေးတစ်ယောက်ပါ

အဲ့လို ပြောပြတတ်တယ်

ခေတ်ကြီးက သစ်မသွားသလိုပေါ့ စနစ်ကြီးက သစ် လွှင်မသွားခဲ့ဘူး…

လူတွေ စိတ်ဓာတ်တွေက သစ်မသွားခဲ့သလို

ငါဆိုတဲ့ ကောင်က အသစ်မဖြစ်ခဲ့တာ အသေအချာပါပဲ…

ဘယ်အရာကို အနူးအညွတ် တောင်းဆိုဖို့ သင့်သလဲ…

………………………..  လုပ်ဆောင်ဖို့ကော သင့်သလား…

 

                                                                                               စုန်းပြူး

In: ကဗျာ Posted By: Date: May 27, 2012
Comment #1

ဆူဆူညံ့ညံ့ အာဏာသံတွေနဲ့ ဝေးရာမှာ ခပ်အေးအေးသာနေပါရစေ

commentinfo By: sone.pyuu at May 27, 2012
Comment #2

အဲ. . . အောက်မှာမန့်ထားတာကြီးက ကဗျာကို ပြန်ဖွင့်ပေးထားသလိုပဲ
ဖတ်သူတစ်ယောက်အနေနဲ့ ကိုယ့်ဘာသာကိုယ် ယူပါရစေလားဗျာ
ဒီကဗျာလည်း ကောင်းပါ့ဗျာ

လေးစားစွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at May 27, 2012
Comment #3

really nice.
coz of comment,,poem is really mire meaningful for me,

commentinfo By: ei lay at May 28, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment