Professional Authors

ခွေး စားသွားသော အိပ်မက်

 မ မက်ခဲ့သော ညှော်နံ့တစ်ခင်းမှာ

အိပ်မက်က လောင်ကျွမ်း

ခါးခါး သီးသီး ဒီရင်ဘတ်ကြီး နံစော်လွန်းခဲ့ပြီ

 

ပုပ်သိုးသွားတဲ့ ထမင်းသိုး ကို

စွန့်ပစ်ခြင်းတွေက လိုအပ်နေခဲ့သလား

စွန့်ပယ် ကွက်ရပ် 13 စားခွက်မှာ

ငါ့ကို ခင်းကျင်းခဲ့ပြီလေ

 

မဖိတ်ခေါ်ဘဲ ရောက်လာသော ဧည့်သည်

သင့် အတွက် အထူး ဝိုင်းတော်လေလား

 

အသဲထက်ခြမ်း ပန်းကန်ထဲက ငါ

ဒင်းက လျှက်စား မျက်ရည်များ

ငတ် သလောက်သောက်ပြီး ပြန်တော့လေ

 

                                                              စုန်းပြူး

In: ကဗျာ Posted By: Date: May 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment