Professional Authors

နည်းနည်းညာပေးပါ

မင်းနဲ့ဆုံတွေ့ရခြင်းသာ

အိပ်မက်တစ်ခုဆိုငါမနိုးထချင်ဘူး..

ကောင်းသော ဆုံတွေ့ခြင်းမဖြစ်နိုင်မှန်း

အားလုံးထက် ပိုသိပေမယ့်

ငါ လှည့်ထွက်ဖို့ အားမရှိတော့ဘူး..

 

 

ဖုန်းမှာ မင်းဓာတ်ပုံလေး ပေါ်လာတိုင်း

အလိုလို ပြုံးသွားတတ်တဲ့

ကောင်မလေးတစ်ယောက်ရဲ့အချစ်ကို

မင်းမယုံရင်တောင်

ဖုန်းမပြောရတဲ့ ညတိုင်း

မျက်နှာငြိုးနေတတ်တာကိုတော့ယုံပေးပါ..

 

 

မင်းဆီက ဘာမှမတောင်းဆိုပါဘူး

ချစ်ခွင့်လေးတစ်ခုနဲ့တင်

ငါ့မနက်ဖြန်တွေ ပြီးပြည့်စုံနေကြောင်း

မင်းမသိပါစေနဲ့..

အသနားခံရမယ့် ဘဝကို

ငယ်ငယ်ကတည်းက မနှစ်သက်လို့ပါ..

 

 

ဇာတ်သိမ်းကြိုသိနေတဲ့

ရုပ်ရှင်ဇာတ်လမ်းဆို မကြည့်တတ်ပေမယ့်

ကောင်းသောပြီးဆုံးခြင်း မဖြစ်နိုင်မှန်းသိနေတဲ့

ဒီလမ်းကို ငါကိုယ်တိုင်ရူးမိုက်စွာ လျှောက်နေမိတဲ့အခါ..

 

အဆိပ်မှန်းသိပေမယ့်

မက်မောစွာ မော့သောက်ချင်မိတဲ့

ငါ့ကို မင်း လှောင်ရယ်ရင်တောင်

ဆည်းလည်းသံလို့ ထင်မိတဲ့

ငါ့ကို နည်းနည်းတော့ ညာပေးပါ ။     ။

 

*Snowflake*

(12/07/13)

(00:09 GMT)

In: ကဗျာ Posted By: Date: Jul 12, 2013
Comment #1

mite tal ….

commentinfo By: arsduo hzz at Jul 12, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment