Professional Authors

အသေအချာ….

အချိန်တွေဟာကုန်မှာပါ
နေ့တွေလည်း ပျောက်မှာပါ
မရောင့်ရဲတတ်တဲ့မင်းရဲ့စိတ်လည်းကျရှုံးမှာပါ
ငါတန်ဖိုးထားတဲ့သူလည်းရှိတော့မှာမဟုတ်ဘူး
ကြင်နာတဲ့သူကလည်း ငါ့အတွက်အမြဲမလိုအပ်ဘူး
မင်းမြတ်နိုးပါတဲ့ဆိုတဲ့အရာတွေလည်းမယူသွားနိုင်ဘူး
တောက်ပပါတဲ့ဆိုတဲ့အရောင်တွေလည်းမှိန်သွားမှာပါ
တွေဝေတတ်တဲ့ငါရဲ့စိတ်တွေကိုလည်း
ပြတ်သားမှုတွေနဲ့အနိုင်ယူကောင်းအနိုင်ယူနိုင်မှာပါ
ရင်နာနာနဲ့ခွဲခွာမှုတွေလည်းအားလုံးမေ့သွားမှာပါ
ပျော်ရွှင်တာတွေလည်း မသိသလိုပဲဖြစ်သွားမှာပါ
မျက်ရည်ဆိုတာလည်း မသေချာသလို
အပြုံးဆိုတာလည်းမရေရာဘူး
မသေချာတဲ့ဘဝခရီးတွေကြား
သေချာတာကငါတို့အမြဲရှိမှာမဟုတ်ဘူး…..

In: ကဗျာ Posted By: Date: May 29, 2010
Comment #1

မျက်ရည်ဆိုတာလည်း မသေချာသလို
အပြုံးဆိုတာလည်းမရေရာဘူး
မသေချာတဲ့ဘဝခရီးတွေကြား
သေချာတာကငါတို့အမြဲရှိမှာမဟုတ်ဘူး…..

တစ်ပုဒ်လုံး ကြိုက်တယ်ဗျာ .. ကျေးဇူး

commentinfo By: No Name at Dec 27, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment