Professional Authors

ရောင်းရန်ရှိသည် – နရီထက်

တိမ်တခင်းနှင့် ကြယ်တစင်း 
အိမ်မက်သားတစ်ချို့မှာ နေသာကျနေပြီး
မနက်ခင်းဆိုတာ ပန်းတွေ ပွင့်တယ် ကျေးဌက်တွေ တေးသီတယ်
လေပြေလေးတွေ လက်ဆောင်သယ်လာတတ်တယ်
အိမ်ဆိုတာ မိသားစု ၀ိုင်းဖွဲ့ ရယ်မောသံတွေ ကျချင်နေတာ

အဝေးဆိုတာ လွမ်းဖွဲ့ မြင်အာရုံဆို
ခဏလေးအသာ လိုက်ကာဆွဲ ခေါက်သိမ်းချည်နှောင်ထားချင်တယ်ကွယ်
တောင်တန်းတွေ ပင်လယ်ပြာတွေ သာမက
ဝင်ရိုးစွန်းတစ်ဖက်တစ်ချက်ကို ငါတို့တွေ ခဏခဏ ရောက်သွားကြတယ်နော်…
သွေး ဆိုတာထက် အချစ်တွေ မေတ္တာတွေ ဘယ်ရောက်သွားသလဲကွယ်
လူသားဆန်ချင်လို့ပါ..
မောဟ တစ်သိုက်နှင့်တော့ အမော မဖေါက်ချင်တော့ဘူး
အတ္တဆိုတာ ငယ်ပေါင်း ဆိုတော့..
သူတို့နှင့် ငြီးငွေ့ချင်ပြီး…
မနက်ဖြန်ဆိုတာ ပန်းတွေ ပွင့်အုန်းမှာလား
ကျေးဌက်တွေ တေးသီနိုင်အုန်းမှာလား
ကောင်းကင်ပြာက အရောင်လွင့် တိမ်သားတစ်ချို့နှင့်
ပျော်နေနိုင် နေသာကျနိုင် ရှိပါစေအုန်းလား…။      ။

နရီထက်
( ၂၅ ၊ မေလ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: May 25, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment