Professional Authors

အဲဒီနေ့

အဲဒီနေ့

ဇာတ် အကူးအပြောင်းမှာ
နင်လဲ ခေါင်းဆောင်းချွတ်လိုက်တယ်
အဆင်အခြင်မဲ့ ကြောင်..ငေး….
ငါ့အတွေး ထဲမှာ
နင်ဘာလို့ မျက်နှာ တစ်ခု အပိုပါနေရတာလဲ….

သစ္စာတရား ဆိုတာလဲ
နင့်လက်ထဲမှာ ပေါက်သွားတဲ့
အ၀ါရောင် ပူဖောင်း တစ်လုံးလို
ယူကြုံး မရ ပူဆွေး..
ပြန်အလျော်ပေးဖို့
ကလေး တစ်ယောက်လို ငါငိုကြွေး ရမလား….

ကြိုးအစုံအလင် ကျန်ခဲ့လျက်
လက်ကွက်တွေ မှန်ခဲ့လျက်နဲ့
လက်ခတ်သံ မှားတဲ့ ဂစ်တာ တစ်လက်
ဘယ်သာယာ နာပျော်သံ ထွက်တော့မလဲ
နှစ်ကိုယ်တူ တေးလဲ ဒီမှာတင်ရပ်…

 နှုတ်ခမ်း ပါးလှပ်လှပ် က
စိုက်အားနက်တဲ့ ဓားထက်ထက်တွေ
နှလုံးသား ထဲ အနက်ရှိုင်းဆုံး ထိုးခွဲ သွားလိုက်တာ
ငါ့ပါးမှာ စွတ်စို ရွှဲ မြ
ရှိုက်သံမဲ့ ကျလာတဲ့ သွေးတွေ
ဒါ..ဘယ်နှစ်ဘ၀စာ ဆပ်ခဲ့ရတဲ့ ၀ဋ်ကြွေး တွေလဲ
အဲဒီနေ့က…အစိမ်းသေခဲ့တယ်….။

တယော

In: ကဗျာ Posted By: Date: May 22, 2012
Comment #1

ဇာတ် အကူးအပြောင်းမှာ
နင်လဲ ခေါင်းဆောင်းချွတ်လိုက်တယ်
အဆင်အခြင်မဲ့ ကြောင်..ငေး….
ငါ့အတွေး ထဲမှာ
နင်ဘာလို့ မျက်နှာ တစ်ခု အပိုပါနေရတာလဲ….

commentinfo By: May Kha at May 23, 2012
Comment #2

ကောင်းတယ်ခင်ဗျ အရေးအသားတွေ..

commentinfo By: နိုးဆက် နေ့ at Apr 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment