Professional Authors

အသုံးမ၀င်…………………………………….

မလိမ်တဲ့ အတွေး
မပြောတဲ့ စကား
မစွံတဲ့ ကောင်ကလေး
ချစ်တတ်တဲ့ နှလုံးသား
အပြောချိုတဲ့ နှုတ်ခမ်း
ထက်မြက်လှတဲ့ စကားတစ်ချို့
အလှ နတ်သမီးတစ်ပါး
စကားကို ကြည့်တယ်
အသွားအလာသိခဲ့ပြီ
အလှမက်တော့
ဘ၀အတွက် ခက်ပြီပေါ့
အမှားမပါတဲ့ စကား
လက်ခံဖို့ခက်တယ်
ခေါင်းမညိတ်ခေါင်းမခါ
တုန်ရီ ယိုင်နဲ့နေတဲ့ ခြေလှမ်းတစ်စုံ
ရီဝေနေတဲ့ မျက်လုံးတစ်စုံ
ခပ်ကြွကြွ ခြေလှမ်း
ခပ်လှလှ နှုတ်ခမ်း
ပြောပေမယ့် မကြားချင်တဲ့စကား
မခေါ်ပဲနဲ့လာ
မမေးပဲနဲ့ပြော
တစ်ဖက်သတ်နဲ့ ကြင်နာခြင်း
လူမသုံးတဲ့ ပလတ်စတစ်အိတ်လိုပဲ
ဘာမှ အသုံးမ၀င်…………………။

In: ကဗျာ Posted By: Date: Jan 10, 2013
Comment #1

A tone ma win bu loh Be Thu pyaw le?
🙁

commentinfo By: ei lay at Jan 10, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment