Professional Authors

တေလေမှတ်စု

ခွဲခွာမှုမှတ်တိုင် ဂစ်တာတစ်လက်
ဖိနပ်တစ်ရံ လူတစ်ယောက်
အကြွေတစ်ချို့ စီးကရက်တစ်လိပ်
ဒိုင်ယာရီစာအုပ် မီးခြစ်တစ်လုံး
လွမ်အိတ်အစုတ်
ဆင်ခြင်မဲ့ဦးနှောက် အသက်မပါတဲ့မျက်လုံး
အသုံးမ၀င်တဲ့ ဖြေရှင်းချက်
ဆင်ခြေမဲ့စကားလုံး ဝေါဟာရမပါတဲ့ အပြုံး
မဲနက်နေတဲ့နှုတ်ခမ်း
တိမ်ထူနေတဲ့ မျက်ခုံး
စိတ်ကူးယဉ်ဆန်တဲ့ အိမ်မက် စိတ္တဇဆန်တဲ့ အတွေး
အိမ်မက်ဆန်ဆန် မျှော်လင့်ချက်
အလွမ်းမိုးတွေရွှာနေတဲ့ အကြည့်
အိပ်နေတဲ့ နှလုံးသား
သူလှုပ်နှိုး
ကြိုးမဲ့ဂစ်တာတစ်လက်
စုန်းတစ်ကောင်က အသံညှိ
ကြယ်အပေါင်းခြံရံ လို့
လမင်းကပြုံးတော်မှု
မှောင်မိုက်သောလမ်းပေါ်က
မဆုံးသောဇာတ်လမ်း…..
မျက်ကွယ်ပြု နှလုံးသား အစိုးမရတဲ့စကားလုံး
မျက်လွှာချအတိတ် ဓားသွားနှုတ်ခမ်း
အဆိပ်ပါတဲ့ ဟန်ပန် သရော်အပြုံး
အမုန်းမျက်နှာ နှုးညံ့တဲ့အပြော
ဟန်ဆောင်မျက်နှာထားတွေနဲ့  ငါ့ကို ပြုစား….
မာယာကစားပွဲ
ယှဉ်ပြိုင်စစ်ထိုး အရှုံးနဲ့တွေ့
လူးလိမ်စွာခံစား ဥာဏ်များတဲ့ကောင်မလေး
ခံစားရသမျှတွေတေးသီ အလွမ်းတွေနဲ့ အသံညှိ
ခြောက်ကပ်နေတဲ့နှလုံးသားမှာ
အဖော်မဲ့မိုးတွေရွှာ လမင်းကပျောက်ကွယ်
ကြယ်တွေက ငိုကြွေး ခံစားချက်ဗရပွတွေနဲ့
ကျွန်တော့်ရဲ့ ဒဏ်ရာတွေကို
ဒီ”တေလေမှတ်စု”ထဲမှာတွေ့နိင်ပါတယ် ..

In: ကဗျာ Posted By: Date: Jul 9, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment