Professional Authors

ကံ ဉာဏ် ဝိရိယ

ပြီးခဲ့တဲ့ အမှု

ပြုသမျှကံ အကြောင်းဖန်

ပြောင်းပြန် ငဆန် တရားဟော

အဟောသိက ပြောကြည့်မှ နထ္တိ

 

ရေကြွင်း ရေကျန် ခြင်ပေါက်၏

ကံကြွင်း ကံကျန် ဗုံးပေါက်၏

အကြွင်းကျန်ကနေ အရင်းပြန်

အသစ်တဖန် …အဖန်… အဖန်တစ်ရာ

လည်ချင်တိုင်းလည်တဲ့ သံသရာ

 

စနပ်တံကို အပြစ်ဆို

ဗုံးအိုးကို ဂျိုင်းကြားညှပ်

မီးခြစ်က အကုသိုလ်

ထပေါက်တော့ ငို

 

အချိန်ကုန်တယ်

လေကုန်တယ်

ငွေကုန်မှာတော့ မကြောက်

မရှိလို့မကြောက် မကြောက်လို့မရှိ

မရှိလည်း မမှု

မမှုတော့ ပိုမရှိ

ငါလိုချင်တာ ငါပဲသိ

 

ထိုအခါ ဆိုစရာ

လိုတာ အများကြီး

ကံကဖုံး  ဉာဏ်ကတုံး

မက်တာက ယမကာ

သက်သာတာပဲ လုပ်ချင်တယ်

အလကားရလို့ မယားတတယ်ထင်

ထင်ချင်ထင် မြင်ချင်မြင်

ငါ့ကိုယူဖို့ တောင်းဆိုချင်

 

အကြောင်းတရားက ခေါင်းစားတယ်

ငါ့ကိုစိုက်ကြည့် တရားသိပြီး

လွတ်ရာပြေးသွား ငါ့ရည်းစားလည်း

များမကြာခင် တရားမင်ခါ

အော်ဟစ်ဆုတောင်း သတ္တဝါအပေါင်း

မိမိကောင်းမှု အကြောင်းပြု တောင်း… ဆုပြည့်ပါစေ ။

In: ကဗျာ Posted By: Date: May 22, 2012
Comment #1

he,,he,,
rofl,,
dat le dat naing par shin.

commentinfo By: ei lay at May 22, 2012
Comment #2

အချိန်ကုန်တယ်

လေကုန်တယ်

ငွေကုန်မှာတော့ မကြောက်

မရှိလို့မကြောက် မကြောက်လို့မရှိ

မရှိလည်း မမှု

မမှုတော့ ပိုမရှိ

ငါလိုချင်တာ ငါပဲသိ

commentinfo By: May Kha at May 23, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment