Professional Authors

~ အရိုင်းပန်း ~

ညို့မျက်ဝန်းထက်

မျက်တောင်အခတ်

လက်ခနဲဝေ့တက်

ဝတ်ရည်တစ်စက်

ချင်းချင်းနီလျှက်

အနက်ရောင်သစ္စာ သူရွတ်ဖတ်

မွှေးပျံ့တဲ့ တေးသွားထက်ဝယ်

ပန်းပျိုးသူရဲ့လက် သွေးစွန်းခဲ့တယ်

အဆိပ်လူး ဆူးတွေကြား

ဖျားနာယစ်မူး

ခူးဆွတ်သူတို့ ဦးညွှတ်ရမယ့်ပွဲမှာ

ဥယာဉ်မှူးလည်း ကြွေရမယ် ။

ရရစ်ဇူး
21/05/12 (4:19 PM)

In: ကဗျာ Posted By: Date: May 21, 2012
Comment #1

တပုဒ်လုံးပြောစရာမရှိကောင်း၏။

commentinfo By: May Kha at May 21, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment