Professional Authors

ခွင့်မသာ

မကြင်သာသည်၊ ခင်ပါလျက်လည်း
ပင်ထက်လျှံဝင်း၊ ဇင်ငွေမင်းသို့
ကြူသင်းဝေသီမြင့်သောကြောင့်။

မတမ်းသာသည်၊ လွမ်းပါလျက်လည်း
မိုးထက်ရောင်ဖုံး၊ လတနှုန်းသို့
ချိုပြုံးဝေသီမြင့်သောကြောင့်။

မခေါ်သာသည်၊ မျှော်ပါလျက်လည်း
တောင်တက်ငွေသွေး၊ နှင်းမြူဖွေးသို့
ကြည်အေးဝေသီမြင့်သောကြောင့်…။   ။
                    မင်းသုဝဏ်(မြန်မာသက္ကရာဇ်-၁၂၉၄)

In: ကဗျာ,မင်းသုဝဏ် Posted By: Date: Jul 18, 2011
Comment #1

မကြင်သာသည်၊ ခင်ပါလျက်လည်း
ပင်ထက်လျှံဝင်း၊ ဇင်ငွေမင်းသို့
ကြူသင်းဝေသီမြင့်သောကြောင့်။

မတမ်းသာသည်၊ လွမ်းပါလျက်လည်း
မိုးထက်ရောင်ဖုံး၊ လတနှုန်းသို့
ချိုပြုံးဝေသီမြင့်သောကြောင့်။

မခေါ်သာသည်၊ မျှော်ပါလျက်လည်း
တောင်တက်ငွေသွေး၊ နှင်းမြူဖွေးသို့
ကြည်အေးဝေသီမြင့်သောကြောင့်…။ ။

commentinfo By: May Kha at Jul 18, 2011
Comment #2

Good

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 19, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment