Professional Authors

ဂျူနိုရဲ့ ရုပ်တု-ရွှေကြယ်မိုး

/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin:0in;
mso-para-margin-bottom:.0001pt;
mso-pagination:widow-orphan;
font-size:10.0pt;
font-family:”Calibri”,”sans-serif”;}

ဂျူနိုရေ

ဘယ်တော့မှ မပျော်ရွှင်နိုင်တော့ဘူး

ဘယ်တော့မှ မခမ်းနားနိုင်တော့ဘူး

 

ငါကိုယ်တိုင် ထုဆစ်ခဲ့ရတဲ့…ဂျူနို

တန်ဖိုးကြီးစာရင်းဝင်…ဂျူနို

ငါသွင်းပေးတဲ့ အသက်နဲ့ ရှင်သန်ခဲ့ရတဲ့…ဂျူနို

နောက်ဆုံးတော့ ဂျူနိုဟာ ဂျူနိုဘ၀ကို မတင်းတိမ်နိုင်တော့

 

ဂျူနိုဟာ

သူ့ကို ထုဆစ်ပေးခဲ့တဲ့ ကျွန်တော့်ကို

အားနာဟန်နဲ့ ကြည့်နေတယ်

ဂျူနိုဟာ

ကျွန်တော် ထုဆစ်အသက်သွင်းခဲ့ပေမယ့် ကျွန်တော်နဲ့

မလိုက်ဖက်တဲ့ နတ်သမီး

 

တကယ်တော့ ဂျူနို

တစ်ယောက်တည်းနဲ့ ခြောက်ကပ်ကပ်ရှိတဲ့ ဘ၀မှာ

အဖော်မွန်တစ်ယောက်အဖြစ် နင့်ကို ထုဆစ် လိုက်တာပါ

နှစ်ရှည်လများ မန်းမှုတ်ပြီး အသက်သွင်းပေးခဲ့ရတာပါ

နင် တစ်ယောက်ဖြစ်ပေါ်လာတဲ့ အခါမှာ ငါ့စိတ်တွေ

အိုမင်းဟောင်းနွမ်းနေပါပြီ…

ဒါပေမယ့် မရှက်မကြောက် ၀န်ခံရရင် ဖန်တီးလို့ရလာတဲ့

‘ဂျူနို’ အိမ်ပေါ်ရောက်လာလို့ ငါ ၀မ်းသာစွာ ငိုနေခဲ့တယ်

 

နင်ဟာ ငါ့အတွက် ဖြေဆေးတစ်ခွက်ပဲလို့ ထင်ခဲ့မိတာ

ဘ၀သံချေးတွေနဲ့ အဆိပ်တက်နေတဲ့ ငါ့ဘ၀ကို နင်ပြန်ပြီး

ပေါင်းသင်နိုင်မယ်လို့ ထင်ခဲ့မိတာ

ဒါကြောင့်လည်း နင့်ကို ငါဖန်တီးယူခဲ့တာပေါ့ ဂျူနို

 

ဟုတ်တယ်…

နင့်ရဲ့ တန်ဖိုးဆိုတာ ငါ့အိမ်မှာထားဖို့ သက်သက်ပဲ ဂျူနို

 

 

 

ဒါပေမယ့်

ဂျူနိုကိုထုဆစ်ခဲ့လို့ ဂျူနိုဖြစ်လာရတဲ့ နင်ဟာ

ငါနေတဲ့ တဲစုတ်သာသာအိမ်နဲ့ ဘယ်လိုလိုက်ဖက်မှာလဲ

ဂျူနိုဖြစ်လာတဲ့ နင်ဟာ ငါစားစားနေကျ ချဉ်ပေါင်ဟင်းကို

ဘယ်ခံတွင်းတွေ့ပါ့မလဲ…

ဒါတွေကို ငါမတွေးမိခဲ့ဖူး ဂျူနိုရယ်

ငါက နင်ရောက်လာရင် ငါ့အိမ်လေး သာယာသွားမယ်ပဲ ထင်ခဲ့တာ

 

အခုတော့

ဖယောင်းတိုင် မှိန်မှိန်လေးအောက်မှာ မှိုင်တွေနေတဲ့

ဂျူနို့မျက်နှာလေး ငါ့ကို အဆိပ်တက်နေစေခဲ့ပြီ

 

ဂျူနို့ရဲ့ ကိုယ်စောင့်နတ်ဟာ

ပွန်းပဲ့နေတဲ့ ငါ့လက်ဖ၀ါးတွေကို ကျိန်ဆဲနေမလား

ဂျူနို့ရဲ့ မသိစိတ်ဟာ

အသားမာတက်နေတဲ့ ငါ့လက်ချောင်းတွေကို မုန်းတီးနေမလား

 

ဂျူနိုရယ်

ဒီနေ့ ငါ့အဖေ အလုပ်ကပြန်လာတာ တစ်ပြားမှမပါလာခဲ့ဘူး

ငါ့အမေလည်း မျက်ရည်စက်လက်နဲ့ ပန်ကန်ပြားလေးတွေကို

သွားပေါင်ဖို့ပြင်နေပြီ

ငါ ပြန်လာတဲ့လမ်းမှာ ငါ ဆီလေးတဆယ်သားပဲ ၀ယ်လာနိုင်တယ်

ဂျူနို…ရယ်….နင်က ငါထုဆစ်ခဲ့ပေမယ့် ငါပိုင်ဆိုင်ဖို့ မဖြစ်နိုင်ပါဘူး

 

ဂျူနို…နေရာတိုင်းမှာ နင့်ကို အလိုရှိနေကြတယ်

နင် သွားလိုရာ သွားပါ…နင်သွားမယ့် ခရီး တစ်လျှောက်မှာ

ငြိမ်းချမ်းရေးအတွက် စစ် ဆိုတာရှိနေမှဖြစ်မယ် ဆိုတာကို မှတ်သွားပါ

နင့်သခင် နင်းပြားလေးငါ့ကို နတ်သုဒ္ဓါတွေစားရတိုင်း

သတိရပေးပါ…ချဉ်ပေါင်ဟင်းတစ်ခွက်ကို မေ့လိုက်ပါ ဂျူနို

                                                    ရွှေကြယ်မိုး

 

 

 

In: ကဗျာ Posted By: Date: May 19, 2012
Comment #1

ဘယ်အပိုဒ်ကိုမှ အကြိုက်ဆုံးလို့ မပြောရဲပါဘူး
အရေးအသားတွေ၊အတွေးတွေက
တကယ်ကို ရဲရင့်ပြောင်မြောက်နေပါတယ်
အားပေးနေတယ်ညီလေးရေ
ဆက်ရုန်း!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!

ချစ်ခင်လျှက် . . .
ကိုသျှား

commentinfo By: ကိုသျှား at May 19, 2012
Comment #2

ohhhhhhhhhh 🙁
like that?
really feel sorry.
i like both writing styles & choice of words,

commentinfo By: ei lay at May 19, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment