Professional Authors

နားခိုလှည့်ပါ…

ပင်လယ်ပြင်ကို လက်ပစ်ကူး
အချစ်ပန်းခူးပေးပါလို့
တောင်းဆိုခဲ့ရင်တောင်
တစ်ချက်မငြင်း ခူးပေးမဲ့သူပါ..

အကောင်ပျံကိုဖြန့်ကာလျက်
မိုးကောင်ကင်ကို ဒူးနဲ့တိုက်ရမယ်ဆိုရင်လည်း
မင်းအတွက် အားအင်အပြည့်နဲ့ပါ…

ပေးခဲ့ဖူးတဲ့ အနမ်းတစ်ချို့
ချစ်ခဲ့ကြတဲ့အချိန်တွေနဲ့
မေ့လို့မရတဲ့ အကြင်နာတွေကြောင့်
ရင်မှာဖို ချစ်ကမ္ဗည်းထိုးကြတယ်လေ….

လောင်းကစားလိုမျိုး
ကြေးများများလောင်းလို့
အမြတ်များများရဖို့
မရည်ရွယ် လိုအပ်ရင်
ကိုယ့်နှလုံးသားကို ယူသွား
အရှုံးခံပြီး စတေးရဲပါတယ်…

တော်ကီတွေကိုလည်း မတတ်ပါဘူး
ဒေါ်လာတွေလည်း မရှိပါဘူး
ငါရင်မှာ မင်းနားခိုမှေးစက်ဖို့
ငါ့နှလုံးသားမှာ ဖောင်ဒေးရှင်းချပြီးသွားပြီးဆိုတာ
မင်းသိလှည့်ပါ…..

အဖြူရောင်အချစ်ခြင်းရဲ့
ငါနှသားမှာ မင်းခနလောက်တော့
နားခိုလှည့်ပါ….သက်ထားရယ်…

တစ်ဖက်သတ် အတိတ်တခိုးချစ်မိသူများအတွက်ပါ….
                                                       စိုး………………..

In: ကဗျာ Posted By: Date: May 18, 2012
Comment #1

right,,right,,
talkie tway la ma kaung bu,,
swe saung naing de a hla le shi bu,,
thu a twat so yin a yar arr lone ko sunt hlut ye de tat ti & hta wa ya lat twe phaw a phyit shi nay me so dar dot warranty pay naing de.,, 😛

commentinfo By: ei lay at May 18, 2012
Comment #2

လောင်းကစားလိုမျိုး
ကြေးများများလောင်းလို့
အမြတ်များများရဖို့
မရည်ရွယ် လိုအပ်ရင်
ကိုယ့်နှလုံးသားကို ယူသွား
အရှုံးခံပြီး စတေးရဲပါတယ်…

…ကြိုက်တယ်ဗျာ …

commentinfo By: ကံ့ကော်မောင် at May 18, 2012
Comment #3

Thanks to Ma Ei and kant kaw mg..

commentinfo By: soeoo at Feb 27, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment