Professional Authors

ကွယ်လွန်သူချစ်ခြင်း

ကြယ်တွေ အပြည့်နဲ့ညကို
မော့ကြည့်မိတော့
အသက်ငွေ့ငွေ့သာရှုနေရတဲ့
တခြမ်းပဲ့လကိုမြင်တယ်
အလွမ်းတွေကို
အိတ်ထဲထည့်လူမသိအောင်
သိုဝှက်သိမ်းဆည်းမိပြန်တော့
တစ်ချို့တစ်ဝက်ကခြစားခံရတယ်
မဆုံးသတ်နိုင်သေးတဲ့
သံယောဇဉ်အပိုင်းအစများ
တွေဝေခြင်းတွေနဲ့ ပတ်နှောင်
အကြင်နာတရားကိုကျမ်းပြုဖို့
ကြိုးစားရင်းငါသေဆုံးခဲ့ပါတယ်
ဒိလိုနဲ့နင့်အပေါ်မကျွတ်မလွတ်နိုင်
ငါ့အဖြစ်တွေ ၀မ်းနည်းသူမရှိတဲ့
လာသူနည်းတဲ့ အသုဘမှာ
ငါအသည်းကွဲအလောင်းကောင်တစ်ကောင်ပါ
နံရိုးတစ်ချောင်းအဆုံးအရှုံးခံရ
နှလုံးသားအနှုတ်ခံရနဲ့
ငါ့ဝိညာဉ်ကနင့်ကို
ဘယ်ဆီဘယ်ဝါလိုက်ရှာ
ငါခန္ဓာကိုယ်က မျှော်လင့်ချက်တွေနဲ့စောင့်မျှော်
တကယ်ပါချစ်သူရယ်
ဒီအချိန်ထိ
အိမ်မက်တောင်နင်မပါရင်မက်လို့မရခဲ့ပါဘူး။

In: ကဗျာ Posted By: Date: May 14, 2012
Comment #1

yin taung kone twar de dot,,,
a he,, 🙂

commentinfo By: ei lay at May 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment