Professional Authors

ခပ်ဝေးဝေးကငွေ့ရည်ဖွဲ့တိမ်

လာပါလို့မခေါ်ခဲ့ပေမဲ့လည်း
ဒီရင်ကမျှော်နေမိသူပါ
စက္ကန့်တိုင်းသတိမရခဲ့ပေမဲ့
နေ့တစ်ရက်ရဲ့အချိန်တချို့မှာ
သတိတရရှိနေခဲ့ပါတယ်။

အကွာအဝေး အထူအပါးနဲ့
လက်တစ်ကမ်းစာ မျှော်လင့်ချက်
အနားသပ် အိပ်မက်အပိုင်းစများ…..
ရင်ဘတ်ချင်း သပ်သပ်စီဖြစ်နေမှာ
ဆိုးရိမ်လို့ ကြောက်မိတယ်….။

နင့်နင့်နဲနဲ နှလုံးသားက
ခံစားလို့ပစ်ခဲ့မိတော့
သူများတွေပြောကြတယ်
အချစ်စစ်ဆိုတဲ့အရာ
ကြမ်းတမ်းလို့ ခက်ခဲပါ၏တဲ့။

တိမ်တွေလို လွင့်ပါးကြည့်ချင်တယ်
အချစ်နဲ့ ကင်းလွတ်ရဲ့လားလို့
ကြမ်းတမ်း ပြတ်ရှတောထဲ…
နှလုံးသွေးတရဲရဲနဲ့ ပြေးလွှားနေသူပါ
ကျေးဇူးပြုပြီး….မီးမရှို့လိုက်ပါနဲ့….
ငြိမ်းရ ခက်ပါတယ်…….။

အချစ်စစ်တို့မည်သည်
မဖြောင့်ဖြူးဘူးတဲ့ဗျ….
ကျွန်တော် ကွေ့ကောက်ခဲ့တာ ကြာပါပြီ……။

အချစ်ဆိုတဲ့ ကံကြမ္မာ
အရာရာမှာဆန့်ကျင်နေတော့
နင်နဲ့ငါ ဆုံမှတ်ခြင်းတော့
ဆုံနိုင်ဖို့တာ့ခက်ခဲတယ်။

ငါ့ဆန္ဒရဲ့ နောက်ကွယ်ထဲက
ကြက်ခြေခတ်တွေရှိတာမဆန်းပါဘူး…
ဟိုး….မိုးကုတ်ထောင့်စွန်းကွေးကွေးလေးမှာ
နင့်ကို ချစ်တဲ့ အချစ်တွေဝိုးတ၀ါး..
နင်မြင်အောင်ကြည့်လိုက်ပါ….
ခပ်မှိန်မှိန်ငွေ့ရည်ဖွဲ့နေတယ်။

လွမ်းပိုင်ရှင်

In: ကဗျာ Posted By: Date: May 13, 2012
Comment #1

wow,,,,,,,
a yae a tar tway ka lan htwke nay dar pe,
super like.

commentinfo By: ei lay at May 13, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment