Professional Authors

မသိ

 

စူးနစ်နစ် အက်ကွဲကွဲနဲ့ပါ.. ကိုလေးဖြူးရဲ့ ရော့(စ်) သီချင်းဟောင်းတွေက ကျနော့ ရင်ဘတ်ဆီ

မဆီမဆိုင် ပြေးဆောင့်လို့.. ကျနော်လဲ မဆီမဆိုင်ပဲ….

ဆွဲဖွင့်ထွက်ခဲ့တယ်.. ပေါက်ခွဲခဲ့တယ်.. ပြေးထွက်ခဲ့တယ်..

စကားလုံးများကို အဝေးကြီးရောက်အောင် ပစ်ပေါက်ခဲ့တယ်..

(ဟော .. ဟို..ကောင်းကင်ကြီးဆီကိုပေါ့)..နောက်ထက်လဲ..

အမှန်နဲ့ အမှား ဝေခွဲ မရခဲ့သော ရင်ဘတ်ကို  တစဆီဖြစ်အောင် နင်းချေခဲ့တယ်..

အော်..မမောနိုင်ဘူး..မောရကောင်းမှန်းလဲ မသိခဲ့ဘူး.. ပြီးတော့လဲ

ဖြစ်ချင်ရာဖြစ်ဆိုပြီး..ရင်ဘတ်ကို ခွဲထွက်လို့ မိုးကောင်းဆီ လေဟုန်စီးပစ်လိုက်တယ်..

ဘယ်အရပ်ဆီ မသိ… ဘယ်အရပ်ရောက်သွားမှန်းမသိ..ဘာနဲ့ စီးနင်းသွားမှန်းလဲ မသိ..

ဘာအတွက်ကြောင့်မှန်း မသိ…

မသိ.. မသိ..မသိ..

ပြီးတော့..ယူကျုံးမရတဲ့ အမှားနဲ့ .. ပြင်လို့ မရတဲ့ ရင်ဘတ်ကိုလဲ

တစ်ပါထဲပဲ ခေါ်ဆောင်လာခဲ့တယ်..သိလား! လွင့်ချင်သလို လွင့်လို့ ရအောင်လို့ပေါ့..

ဒီလိုနဲ့ ခရီးဆက်ရင်း..

ပိန်းပိတ်မှောင်တဲ့ မြိုင်တောထဲ ၀င်မိမှန်းမသိ ..ရောက်မိမှန်းမသိပဲ

နွံနံ… ရွံ့နံ..တွေကြားထဲ ကိုယ့်ခြေသံကလွဲလို့

ဘာဆို ဘာမှ မကြားမိ.. ရှေ့တွင်လဲ ဘာဆို ဘာမှ မမြင်မိ..

အရိပ်ရလောက်တဲ့ အလင်းရောင်လဲ မမြင်မိနဲ့…

စမ်းတ၀ါးဝါး ဖြစ်လို့.. အထင်နဲ့ဆိုရင်..အေးစိမ့်တဲ့ အသိဓါတ် ကြီးစိုးထားတဲ့

ကမ္ဘာတစ်ခုများ ဖြစ်နေမလားလို့ပေါ့..

လျောက်နေမှန်း.. ရပ်တန့်နေမှန်းတောင် မဝေခွဲနိုင်တော့ဘူး..

တွန်ကြူး အော်မြည်တဲ့ ကျေးဌက်တွေများ အလန့်တကြားနဲ့များအော်လေမလား?

စမ်းရေ စီးသံ..ငါးပွက်သံနဲ့

တောရိုင်း တရိစ္ဆာန်တွေရဲ့ အဝေးက ဟိန်းဟောက်သံများ ကြားလေမလား?

အနွေးဓါတ်လဲ တောင့်တမိရင်း အလင်းရောင်ပဲ ပျပျမြင်ရတော့မလား? လို့

ထိန့်လန့်စိတ်နဲ့ အတွေးတွေ တောင့်တနေမိလိုက်တာပါ…

တကယ်ဆို..ရပ်တည်ခြင်း မသိ.. ဖြစ်တည်ခြင်း ကင်းမဲ့တဲ့ အရပ်ဆီ အလည်လွန်မိခဲ့တာပါ..

ဝူး..၀ူး..၀ူး..

အာ.. နားထဲ ကားစက်သံ သဲ့သဲ့ ဖြတ်ပြေးသွားပါလား.. ဘာတွေလဲ.. ဘာတွေလဲ ..

ဘာတွေမှန်း မသိတော့ပါဘူးဗျာ..ဟူး..

အော် ..အမှန်ဆိုရင်  အရာအားလုံး မျက်စိမှိတ်ထားစဉ် ဖြစ်နေတာပါလား!

စိတ်ကူး အတွေးတွေပါလား!

တကယ်တမ်းတော့ အခုထိ ထိုင်ရက မထမိသေး..

အစီအစဉ်မကျတဲ့ အချိန်တွေထဲကနေ.. အစီအရီ မဟုတ်တဲ့ ပြဿဒါး အတွေးတွေနဲ့

ကိုယ့်လည်ပင်း ကိုယ်စွတ်လို့ တစ်လှမ်းချင်း လှမ်းလျောက်နေမိတာ..

ကျိုးကြေနေတဲ့ ဝေဒနာတွေကို တစဆီ ဆုတ်ဖြဲပြီးတော့

စိတ်ရှည်ရှည်နဲ့ ပြန်ဆက်နေမိတာ..

အခုတော့ ကျနော်သိသွားပြီ..

ရင်ဘတ်က အစားပြန်မရနိုင်ဘူး ဆိုတာ…

မှတ်ချက်။     ။ ရေးချင်တာ လျောက်ရေးထားခြင်းဖြစ်၏။(ဟန်သူအောင်)

In: ကဗျာ Posted By: Date: May 13, 2012
Comment #1

he,,he,,, 🙂

commentinfo By: ei lay at May 13, 2012
Comment #2

eilay က ဘာကို သဘောကျလဲ မသိပါဘူး 😛

commentinfo By: hanthuaung at May 13, 2012
Comment #3

he,,he,, 😛
ho lay,,,,,,,
ei lay phat p dot bar hma nar ma le loh par,,
he,,he,, 😛
sate ma soe ne naw,
mae loh a hman tine pyaw like dar,

commentinfo By: ei lay at May 13, 2012
Comment #4

ei lay ကလဲ..အဲဒါကြောင့် မှတ်ချက်ရေးထားတာပေါ့ “ရေးချင်တာ လျောက်ရေးထားတာပါလို့..”
ခေါင်းစဉ်ကိုလဲ ကြည့်လိုက်အုံးလေ ” မသိ” လို့ပေးထားတာ ကျနော်တောင် ဘာမှ မသိလို့ 😛
ဒါပေမယ့် ခံစားချက် ပေါ်တဲ့ အတိုင်း တောက်လျောက် ရေးထားတာပဲ ..
ဘာတွေဖြစ်ကုန်လဲတော့ မပြောတက်ဘူး ..ဟီး..

commentinfo By: hanthuaung at May 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment