Professional Authors

ရန်သူ – နရီထက်

ကျောခြင်း ကပ် အနေ များတော့
အဆိပ်ခပ်မဲ့နေ့ သတိထားရတယ်

ချစ်ကျွမ်းဝင်တော့
သံသယမျက်လုံးတွေ အရောင်တောက်တယ်

မိုးကြီးလေကြီး စကားသံလည်း
စိတ်ဆင်းရဲစွာ ကြားရတတ်တယ်

အကြိုက်ခြင်း တူနေရင်တောင်
မေ့ဟန်ဆောင်နေတတ်တာ များတယ်

အပြုသဘောတွေက
တစ်ခါတစ်ခါ…
လူတောထဲမှာ အရှက်ရတယ်

လက်ဆွဲနှုတ်ဆက်တဲ့အခါတိုင်
သူ့ထက်သာ မနာလို
အကဲတွေ ပိုခဲ့ကြတယ် မဟုတ်လား

မာယာတွေ မများဘူးဆိုပေမဲ့
အပြုံးတွေက သကာဆမ်းတယ်

စစ်အေးလက်နက် ပိုင်ဆိုင်ခွင့်နေ့တွေ များတယ်
အချိန်ကိုက် မိုင်း ထောင်တဲ့ ရက်တွေ လှတယ်
စပိုင်တွေ လွတ်ထားတတ်တယ်

အဆုံးသတ်မဲ့နေ့
တစ်ဦးဦးက ပိုင်ဆိုင်ချင်တယ်

စပြီး နှုတ်ဆက်တဲ့နေ့
ရင်ထဲမှာ မမေ့ကြဘူး မဟုတ်လား…။     ။

နရီထက်
( ၂၃ ၊ သြဂုတ်လ ၊ ၂၀၁၁ )

In: ကဗျာ Posted By: Date: Aug 23, 2011
Comment #1

စစ်အေးလက်နက် ပိုင်ဆိုင်ခွင့်နေ့တွေ များတယ်
အချိန်ကိုက် မိုင်း ထောင်တဲ့ ရက်တွေ လှတယ်
စပိုင်တွေ လွတ်ထားတတ်တယ်……..

စပြီး နှုတ်ဆက်တဲ့နေ့
ရင်ထဲမှာ မမေ့ကြဘူး မဟုတ်လား…။ ။
ကောင်းတယ် ဗျို့ 

Comment #2

ကိုနရီထက်အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Aug 23, 2011
Comment #3

အားပေးသွားတယ်အကိုကြီး….

commentinfo By: myintmo at Aug 23, 2011
Comment #4

မိုက်တယ် ….တကယ်

Comment #5

ကောင်းတယ် အနိးကမ် ရန်သူနဲ့  မိတိဆွေရောင်ဆောင်တဲ့ သူတွေ အကြောင်းရေးထားတာနော် မိုက်တယ် အခု လောကကြိးမှာဖြစ်နေတဲ့ သဘာဝတရားကိုရေးထားတာနော် မိုက်တယ်။ ပိးတော့ ဒိစာကြောင်းလေးတွေ က ပိုဖတ်လို့ ကောင်းတယ် ချစ်ကျွမ်းဝင်တော့
သံသယမျက်လုံးတွေ အရောင်တောက်တယ်အပြုသဘောတွေက
တစ်ခါတစ်ခါ…
လူတောထဲမှာ အရှက်ရတယ်

လက်ဆွဲနှုတ်ဆက်တဲ့အခါတိုင်
သူ့ထက်သာ မနာလို
အကဲတွေ ပိုခဲ့ကြတယ် မဟုတ်လား

မာယာတွေ မများဘူးဆိုပေမဲ့
အပြုံးတွေက သကာဆမ်းတယ် အဲ့ ဒါလေးတွေကို ကြိုက်တယ် ။ကိုကြိး

commentinfo By: thuya at Aug 23, 2011
Comment #6

ဒီကဗျာသည် မလေးရှားနိုင်ငံတွင် ထုတ်ဝေဖြန့်ချီသော လင်းယုန်ဂျာနယ် ဒီဇင်ဘာလထုတ် ၂၀၁၁ တွင် ဖော်ပြခြင်းခံရသည်။

နရီထက်

commentinfo By: Nayihtet at Dec 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment