Professional Authors

မမျှော်လင့်ခဲ့ သော မျှော်လင့်ခြင်း …

ဘာလို့များ အချိန်တွေကရှည်လျားပါလိမ့်ကွယ်

တမ်းတခြင်းကို အဖော်လုပ်

အလွမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ လေထုရဲ့ အောက်မှာ

ငါတစ်ယောက်တည်း လမ်းလျှောက်နေခဲ့တယ် …

ဟန်ဆောင်ခြင်းတွေ ၀တ်ဆင်ထားတဲ့

နက်ပြာရောင် ကောင်းကင်ကြီးရေ …

မင်းရင်ခွင်ကနေ မနှင်ချပဲ လွင့်ကျလာတဲ့

ကြယ်အကြွေတွေ ကောက်သီရင်း

မျှော်လင့်ခြင်းလမ်းထောင့်မှာ ချစ်သူကို ငါ တိတ်တိတ်လေးစောင့်မယ် …

တကယ်ပါ …

အိပ်မက်လေး အနည်းအကျဉ်းပဲ ပိုင်ဆိုင်ခဲ့ဖူးတာပါ …

အမှတ်တရ နည်းနည်းပါးပါးကိုထည့်ပြီး

ကျောင်းလွယ်အိတ်ထဲ ထည့်လွယ်သွားဖူးတယ် …

သိပ်လေးတာပဲ ………………………………………………………..

အလွမ်းတွေက သိပ်လေးနင့်လာရင်

ငါ ……………………………. လွှတ်ချမိလိမ့်မယ် …

ပတ်သက်ခြင်းဆိုတာ ခံစားချက်တွေကို

ဘောင်ခတ်မယ့် စည်းရိုးကြီးတစ်ခုလား …

လောက ရဲ့နိယာမတွေ ငါစိတ်မ၀င်စားတော့ဘူး …

ဖြစ်ချင်တာတွေ ဖြစ်ရမယ်ဆိုရင်

ကျေးဇူးပြုပြီး ငါ့ခြေထောက်တွေကို သန်မာခွင့်ပေးပါ

နင်ငါ့ကို လိုအပ်ချိန်တိုင်း

မိုင်တွေ အဝေးကြီးမှာရှိနေတဲ့ နင့်ဆီ ရုတ်တရက် ငါပြေးလာနိုင်အောင်ပေါ့ ………………

In: ကဗျာ Posted By: Date: May 11, 2012
Comment #1

oh,,,,,,god,,,
so much nice,
really excellent,
u r so kind-hearted & royal.u’ll get what u give,,no doubt,,
wishing u b good luck forever,

commentinfo By: ei lay at May 11, 2012
Comment #2

ခင်ပါရစေ အိလေးဘယ်ကလဲမသိဘူး

commentinfo By: minpyaephyoe6991 at May 12, 2012
Comment #3

ကောင်းတယ်ဗျာ

commentinfo By: phyokhant at May 12, 2012
Comment #4

အမှတ်တရ နည်းနည်းပါးပါးကိုထည့်ပြီး

ကျောင်းလွယ်အိတ်ထဲ ထည့်လွယ်သွားဖူးတယ် …

သိပ်လေးတာပဲ ………………………………………………………..

အလွမ်းတွေက သိပ်လေးနင့်လာရင်

ငါ ……………………………. လွှတ်ချမိလိမ့်မယ် …

နှစ်သက်စွာအားပေးသွားတယ်

commentinfo By: အသဲကွဲ မိုး at May 12, 2012
Comment #5

ပတ်သက်ခြင်းဆိုတာ ခံစားချက်တွေကို

ဘောင်ခတ်မယ့် စည်းရိုးကြီးတစ်ခုလား …

လောက ရဲ့နိယာမတွေ ငါစိတ်မ၀င်စားတော့ဘူး …

ဖြစ်ချင်တာတွေ ဖြစ်ရမယ်ဆိုရင်

ကျေးဇူးပြုပြီး ငါ့ခြေထောက်တွေကို သန်မာခွင့်ပေးပါ

နင်ငါ့ကို လိုအပ်ချိန်တိုင်း

မိုင်တွေ အဝေးကြီးမှာရှိနေတဲ့ နင့်ဆီ ရုတ်တရက် ငါပြေးလာနိုင်အောင်ပေါ့ ………………

commentinfo By: ma at May 12, 2012
Comment #6

အလွမ်းတွေက သိပ်လေးနင့်လာရင်

ငါ ……………………………. လွှတ်ချမိလိမ့်မယ် …

(ဟုတ်တယ် . . အလွမ်းတွေ သိပ်လေးလာရင်
လွှတ် . . . ချ . . မိ . . . တော့ . . . မယ် 🙁 )

ကျေးဇူးပြုပြီး ငါ့ခြေထောက်တွေကို သန်မာခွင့်ပေးပါ

နင်ငါ့ကို လိုအပ်ချိန်တိုင်း

မိုင်တွေ အဝေးကြီးမှာရှိနေတဲ့ နင့်ဆီ ရုတ်တရက် ငါပြေးလာနိုင်အောင်ပေါ့ …………

commentinfo By: နတ်သမီး at May 12, 2012
Comment #7

တစ်ပုဒ်လုံး ကောင်းသည်။
နှစ်သက်မိပါသည်။
ကတုံးလေး။

commentinfo By: gadounlay at May 12, 2012
Comment #8

အိပ်မက်လေး အနည်းအကျဉ်းပဲ ပိုင်ဆိုင်ခဲ့ဖူးတာပါ …

အမှတ်တရ နည်းနည်းပါးပါးကိုထည့်ပြီး

ကျောင်းလွယ်အိတ်ထဲ ထည့်လွယ်သွားဖူးတယ် …

သိပ်လေးတာပဲ ………………………………………………………..

အလွမ်းတွေက သိပ်လေးနင့်လာရင်

ငါ ……………………………. လွှတ်ချမိလိမ့်မယ် …

commentinfo By: zawthetoo at May 14, 2012
Comment #9

ဝါး တယ်ကောင်းပါလား ကဗျာက ငါ့သယ်ရင်းလို့မပြောရဘူး 😛

commentinfo By: ayokelay at Feb 11, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment