Professional Authors

ဆရာစိုင်းခမ်းလိတ်နဲ့ တဖြည်းဖြည်းလင်းလာတဲ့ညနေ

ငါးခုံးမတစ်ကောင်နဲ့စမယ်..။

တစ်လှေလုံးပုပ်ချိန် ပြီးမယ် မပြီးဘူး မသေချာဘူး..။

ဗောဓိပင်ဘုရားထဲ မှတ်နေတဲ့ခြေလှမ်းတွေဘေးချိတ်လို့

ငါ့အတ္တကို ဆရာ အသိအမှတ်ပြုတယ်…။

ဖွင့်ထားတဲ့တံခါးတွေဟာ ပိတ်မရတဲ့အကြောင်း

ဦးခေါင်းဟာ ဖိနပ်စီးသင့်ကြောင်း

မောင့်အရိုင်းပန်း ဟာ အများပိုင်သိစိတ်ဖြစ်ကြောင်း…

သာကြောင်း မာကြောင်းများနဲ့ ရောထွေးပြွန်းသွပ် လွှတ်လိုက်တယ်..။

ငါရော..ဆရာရော…ငါးခုံးမတွေရော…

ပုပ်နေတဲ့ မြစ်ကြီးထဲ လှော်ဝင်သွား..

ငါးခုံးမတစ်ကောင်နဲ့ စတယ်။

တစ်လှေလုံးပုပ်လို့ ပြီးပါတယ်…။

 

……………………………………ဟိန်း(12.4.12)…

In: ကဗျာ Posted By: Date: May 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment