Professional Authors

အပြစ်များနှင့်….

ရှာဝါစက်အမွှားကလေးတွေ
အပြစ်ရှိသလိုခံစားမှူကိုဆေးကြောပေးမလား

ငါပြုထားသမျှ ငါ့ဆီတစ်ဖန်ပြန်လာကြမတဲ့
တောင်တန်းများလဲတောင်တန်းများဘာသာ
သစ်ပင်တန်းများလဲလမ်းဘေးတစ်ဘက်တစ်ချက်မှာသာ
နွေဝါဝါလား
မိုးညိုညိုအုံ့မှိုင်းရွာချင်းများလား
အီကွေတာအနီးမှာနေတယ်

ဖြစ်ရပ်တွေက အဆက်အစပ်မဲ့
တုန်၏မှုန်၏ အဖြူအမည်း ရှေးကားတိုတို့လို

မနေ့ကမှ…

အပြစ်မဲ့သုံးလေးကောင်လောက်
လောင်ကြွမ်းဖြစ်လိုက်ပြီးတော့…

ဩမြိုင်

In: ကဗျာ Posted By: Date: Aug 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment