Professional Authors

လွမ်းရသူရဲ့ အိပ်မက်

စက္ကန့်တိုင်း မိနစ်တိုင်း
နင့်ကို ငါ့ရင်ဘတ်ထဲထည့်ပြီး
စိတ်ကူးတွေကို ရွက်လွှင့်
သိပ်ချစ်ရတဲ့ နင်နဲ့အတူ
အနာဂတ်ကို ဆေးခြယ်ဖို့
ကြိုတင်လို့ ပြင်ဆင်
နောက်ထပ်လည်း မငိုချင်တော့ဘူး….။

ငါ့ဘ၀ရဲ့ အရှင်သခင်လို့ ယုံမှတ်
ဂရုစိုက်ခြင်း ယုယခြင်းတွေ
ထာဝရအတွက် လိုအပ်မှုမရှိအောင်…
လူတကာအမြင်ကတ်လောက်အောင်….
ငါက ပိုသာလို့ နင့်ကို ချစ်မြတ်နိုးမယ်။

နင့်နဖူးပြင်ကို ရှိုက်နမ်းလို့
နားလည်မှု အယူအဆတွေတည်ဆောက်လို့
အရိပ်တကြည့်ကြည့်နဲ့
ဝေးခဲ့ရတဲ့နေ့တွေအစား…..
အဆပေါင်းများစွာ ငါက နင့်ရဲ့အနားမှာ နေချင်မိတယ်….။

နေ၀င်ချိန်တွေ နင့်ပခုံးထက်မှေးစက်
ညတာတွေမှာ ကြယ်တွေရေတွက်ရင်း
အိမ်ပြန်ချိန် ညဉ့်နက်နက်တွေ ထိတိုင်အောင်
နင့်ရဲ့ ရင်ခွင်ထဲ တိုးဝင်လို့ ပွေ့ဖက်ထားချင်တယ်….။

နင် မထင်မှတ်ထားနဲ့ ချစ်တတ်မှုတွေနဲ့
၃ နှစ်ကျော်ကာလမှာ
နင့်တစ်ယောက်တည်းကိုသာ ရည်စူး…
နင်နဲ့သာ ပျော်မြူးလိုကြောင်း…..
ခံစားလို့ရတဲ့ရသတွေနဲ့ ဖြည့်စွက်
နင်ပေးဖူးတဲ့ အဆွေးသက်သက်တွေ ဘေးမှာချန်လှပ်…
နင့် သံယောဇဉ်တွေအကုန်
ငါ့ဆီသို့သာ သွန်းဖြိုးနေပါကွယ်
လွမ်းရသူရဲ့ အိပ်မက်က
ငါ့မနက်ဖြန်တွေတိုင်းကို အဓိပ္ပါယ်တွေများစွာ ပြည့်နှပ်စေတယ်….။ ။

(အသက်ရှင်ဖို့ အသက်ရှုနေရတာထက် နင့်ကို ပိုသတိရနေတတ်တယ်)

In: ကဗျာ Posted By: Date: May 4, 2012
Comment #1

harrrrrrrrrr
ma kay,,bar loh e lout g taw nay tar le?
a yan kaung de,
a yan kyike de.
kyay zu tin par de. 🙂 ei lay feeling ne tu loh… 😉

commentinfo By: ei lay at May 4, 2012
Comment #2

မကေ…..ဘာမှမပြောတော့ပါဘူး..
ကဗျာလေးကို ခံစားအားပေးသွားပါတယ်

commentinfo By: poem.poem28 at May 5, 2012
Comment #3

arrr pay thwar par tal kay yay….

commentinfo By: kyi kyi at May 23, 2012
Comment #4

a yan a yan ko kyike de,
kha na kha na phat phyit me htin de,,ma kay

commentinfo By: ei lay at May 23, 2012
Comment #5

မမ ကေသရီ ……… အရမ်းကောင်းပါတယ်… ဒါပေမယ့် သိချင်တာတစ်ခု ရှိတယ်…

commentinfo By: khayset at Jun 17, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment