Professional Authors

ဒုတိယ အိပ်မက် ရဲ့ မျက်ရည်စက်

     နှစ်သက်ခဲ့တယ်  ဆိုတာထက်
     အဆ များစွာ သာ လို့ ပို
     နင့်ကိုဆို ဘ၀အဆက်ဆက် အတွက်
     အတိုးချလို့ ချစ်နေချင်တယ်!!!!

     ဖြစ်တည်နေပေးခဲ့တယ်
     နင့်အတွက်ဆို …
     အလိုက်တသိနဲ့ ခေါင်းငြိမ့်တတ်တဲ့သူ ..အဖြစ်

     ရပ်တည်နေပေးတယ်
     နင်မှားသမျှ …..
      အရာရာ အမှန်တရားတွေလို ငါ.လိုက်မှားတတ်တဲ့သူ…အဖြစ်

     မြိုသိပ်နေရတယ်
     နင့် အနား ထာဝရ အသက်ရှု ၊ ပိုင်ဆိုင်လိုစိတ်

      သိရက်နဲ့ ထိကြည့်မိခဲ့တဲ့
      အသိစိတ်မဲ့ ခံစားချက် ရင်ခုန်သံများ
      အခုတော့..ငါ့အသည်းအသက်
      ဓားသွားနဲ့ အထပ်ထပ်လှီးဖြစ်နေသလို…….နာကျင်မှုများအဖြစ်
      ဒုတိယရင်ခုန်သံ … ဒုတိယခံစားချက်
      ဒုတိယ…..သူ….
      ဒုတိယ…………..
     
ချစ်သူ!!!

      ငါသိပ်ချစ်တဲ့ငါ့ချစ်သူရယ်…..ကျေးဇူးပြု၍
      ဒုတိယရင်ဘတ်နေရာမှာ  ငါ့ကို…ထား မချစ်ပါနဲ့
      ငါပေးခဲ့တဲ့ ပထမပေါင်းများစွာအတွက်……
      နင့်ကို..
      ဂုဏ်ယူ ၀င့်ကြွားစွာ လွမ်းခွင့် ရပါစေ
      နင့်…………..အိပ်မက်ထဲမှာ
      ငါ့ကို…..
      ချန်..ထားခဲ့လိုက်ပါ။ (ပထမသူနဲ့..ပျော်ရွှင်စွာ နိုးထပါ)

In: ကဗျာ Posted By: Date: Dec 2, 2011
Comment #1

အင်း ကဗျာရေးထားတာကိုတော့ သဘောကျတယ်ဗျ။ ဒါပေမဲ့ ခံစားချက်ကိုတော့ သဘောမကျဘူး။ ကျွန်တော်က အတ္တသမား ဖြစ်နေလို့လည်း ပါမယ်ထင်တယ်။ ကိုယ့်ကိုသာ ဒုတိယအနေနဲ့ ချစ်မယ်ဆိုရင်တော့ ဒီဘဝမှာ နှမလက်လျှော့နေလေတော့ ဆိုပြီး တာ့တာ ပြခဲ့မှာပဲ။ ကိုယ်တိုင်လည်း သူ့ကို ပထမနေရာမှာ ထားတာမလား။ တရားမျှတမယ် ထင်ပါတယ်။ ကျွန်တော့် ခံစားချက်ကို ပြောပြတာပါ။ ကဗျာကို ဖျက်ခြင်း မဟုတ်ပါဘူးနော်။ ကဗျာက ကဗျာကောင်းတပုဒ်ပါ။
ချီရွန် ( ပုလဲ )

commentinfo By: ChIr0N at Dec 2, 2011
Comment #2

ဟုတ်..ကို ချီရွန်(ပုလဲ) မိုးကဗျာလေးကိုဂရုတစိုက်ဖတ်ရှု ခံစား ဝေဖန်ပေးတဲ့အတွက်အရမ်းကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #3

ခံစားချက်တွေတူနေတယ်ဗျ…
အချစ်ဆိုတာ “အ” လို့ချစ်တာလို့ပြောရင်လည်းခံရမှာပဲ..
ခံစားချက်နဲ့ ရေးတာဆိုရင်တော့ ချီးကျူးပါတယ်ဗျာ..
ကျွန်တော်လည်းခံစားရပေမယ့် အဲ့လိုကောင်းအောင်မရေးတတ်လို့ပါ….

commentinfo By: သက္ကရာဇ် at Dec 2, 2011
Comment #4

ဟုတ်…မိုးကဗျာလေးတွေအားလုံးကို ရင်ဘတ်နဲ့ရေးခဲ့တာပါ….ခံစားချက်တွေပါ
……..
ကို သက္ကရာဇ်…အားပေးခြင်းအတွက်အရမ်းကျေးဇူးတင်ပါတယ်

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #5

မိုးဟာ ငယ်ရွယ်တဲ့မိန်းကလေးတစ်ယောက်ဆိုရင်တော့
ကျွန်တော်တို့ ကြိုဆိုရမှာ အသေချာပါပဲ

commentinfo By:ူlynnthantkoko at Dec 2, 2011
Comment #6

ဘာကြောင့်လည်းမသိဘူးနော်..ကိုlynnthantkoko????

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #7

မိုးက အတွေးရဲတယ်
အရေးအသားကလည်း မဆိုးဘူး
အဲဒါကြောင့်ပါ
အမြဲအားပေးနေမှာပါ

ကိုသျှား

commentinfo By:ူlynnthantkoko at Dec 2, 2011
Comment #8

ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် အများကြီးပေါ့

commentinfo By: အသဲကွဲမိုး at Dec 2, 2011
Comment #9

ကျေးဇူးတင်ဖို့မလိုပါဘူးဗျာ
ကျွန်တော် မြင်တာကို ပြောတာပါ
မိုးအပါအ၀င် အားလုံးသောကဗျာရေးဖော်သူငယ်ချင်းတွေနဲ့
ဆွေးနွေးချင်ပါတယ် ဝေဖန်ချင်ပါတယ် အကြံပေးချင်ပါတယ်
အကြံဥာဏ်တွေလဲ ရယူချင်ပါတယ်
ကျွန်တော့်လိပ်စာက [email protected] ပါ
အရိုးသားဆုံးရဲဘော်ရဲဘက်တွေကို ဖိတ်ခေါ်ပါတယ်

commentinfo By:ူlynnthantkoko at Dec 2, 2011
Comment #10

မိုးရေ…..
မိုးရဲ့Profileကို အခုမှ ကြည့်မိတယ်
ကဗျာပေါင်း 117ပုဒ်ဆိုတော့ ကြိုဆိုရမယ်လို့ပြောခဲ့တာ မှားများသွားပြီလားဗျာ
ကိုသျှား

commentinfo By:ူlynnthantkoko at Dec 2, 2011
Comment #11

မကြီးမိုး…..ဒီကဗျာတော်တော်…ထိတယ်…….
စိတ်ရှိလက်ရှိအတ္တတွေထုတ်သုံးပစ်လိုက်စမ်းပါ…
ကဗျာက ရင်ဘတ်အစစ်နဲ့ ရေးတာဖြစ်ကြောင်း
ဘာနဲ့ မသက်သေပြစရာမလိုလောက်အောင်ကောင်းတယ်…..

commentinfo By: terry at Dec 3, 2011
Comment #12

ဟုတ်..အားပေးတဲ့မောင်နှမများအားလုံးကျေးဇူးအများကြိးတင်ပါတယ်
..
ဘဘကြီးတယ်ရီရေ..ကျေးဇူးပဲဗျို့

commentinfo By: အသဲကွဲမိုး at Dec 3, 2011
Comment #13

hin,,,
ei lay ka dot,,,,
ah loh chit de pe pyaw pyaw,,,
chit loh ah de pe pyaw pyaw,,,
tone loh chit de pe pyaw pyaw,,,
be thu tway bar pyaw pyaw lone wa ga u ma sike bu,
thu hma thu pe,,1 yout de chit de,,thu a paw hmar tit sar shi me,,
kou ka thu ye 2 yout myout lar? 3 yout myout lar? be hna yout myout le ma ti chin bu,,,sate shoke de.
kou bet ka a kaung sone tway pe thu ko pay ke de(bar hma pyan ya phoe ma hmaw lint htar bu)
myit tar so tar yaung pyan hat par de,(kou bet ka a yoe tar sone tway pay htar tar)
bar phyit phyit pop koh late pyar kou lone yin p tar pe.

commentinfo By: ei lay at Dec 4, 2011
Comment #14

pome ka a yan kg tel….Arr Pay: twar tel naw…..Good tel….:)

commentinfo By: Lwan Nge Lay at Dec 4, 2011
Comment #15

မမိုး..အခုမှပဲ တွေ့မိတယ်။အမ ကိုလည်းသတိရနေတယ်ဗျ။
ဒုတိယလူအချင်းချင်း…အားပေးသွားပါတယ်။ဟဲဟဲ

commentinfo By: poem.poem28 at Dec 4, 2011
Comment #16

နင့်ကို..
ဂုဏ်ယူ ၀င့်ကြွားစွာ လွမ်းခွင့် ရပါစေ

commentinfo By: nate thit(နေ့သစ်) at Dec 8, 2011
Comment #17

ကဗျာကောင်းလေးဗျာ
ရင်ဘတ်ထဲအထိမြင်ရတယ်

commentinfo By: moehtetaung18 at Jan 15, 2012
Comment #18

ဒီတပုဒ်လဲ အရမ်းထိတယ်..
ငါသိပ်ချစ်တဲ့ငါ့ချစ်သူရယ်…..ကျေးဇူးပြု၍
ဒုတိယရင်ဘတ်နေရာမှာ ငါ့ကို…ထား မချစ်ပါနဲ့
ငါပေးခဲ့တဲ့ ပထမပေါင်းများစွာအတွက်……
နင့်ကို..
ဂုဏ်ယူ ၀င့်ကြွားစွာ လွမ်းခွင့် ရပါစေ
နင့်…………..အိပ်မက်ထဲမှာ
ငါ့ကို…..
ချန်..ထားခဲ့လိုက်ပါ။ (ပထမသူနဲ့..ပျော်ရွှင်စွာ နိုးထပါ)…

commentinfo By: APhyu at Feb 14, 2012
Comment #19

နှစ်သက်ခဲ့တယ် ဆိုတာထက်
အဆ များစွာ သာ လို့ ပို
နင့်ကိုဆို ဘ၀အဆက်ဆက် အတွက်
အတိုးချလို့ ချစ်နေချင်တယ်!!!!

ကြိုက်တယ်..
အသဲကွဲမိုး ရေးတဲ့ကဗျာလေးတွေမှန်သမျှ .. စာသားတွေအရမ်းမိုက်တယ်

commentinfo By: laynhyotshin at Oct 25, 2012
Comment #20

အရမ်းကြိုက်တယ်…

ငါသိပ်ချစ်တဲ့ငါ့ချစ်သူရယ်…..ကျေးဇူးပြု၍
ဒုတိယရင်ဘတ်နေရာမှာ ငါ့ကို…ထား မချစ်ပါနဲ့
ငါပေးခဲ့တဲ့ ပထမပေါင်းများစွာအတွက်……
နင့်ကို..
ဂုဏ်ယူ ၀င့်ကြွားစွာ လွမ်းခွင့် ရပါစေ
နင့်…………..အိပ်မက်ထဲမှာ
ငါ့ကို…..
ချန်..ထားခဲ့လိုက်ပါ။ (ပထမသူနဲ့..ပျော်ရွှင်စွာ နိုးထပါ)

commentinfo By: နိုင်စစ်သည် at Oct 25, 2012
Comment #21

A person who love u truely wont care what the position is.
No reason for true love.
Nomore excuse.
🙂

commentinfo By: ei lay at Oct 25, 2012
Comment #22

A person who love u truely will never let u go away what the situation is.

commentinfo By: ei lay at Oct 25, 2012
Comment #23

မြိုသိပ်နေရတယ်
နင့် အနား ထာဝရ အသက်ရှု ၊ ပိုင်ဆိုင်လိုစိတ်

သိရက်နဲ့ ထိကြည့်မိခဲ့တဲ့
အသိစိတ်မဲ့ ခံစားချက် ရင်ခုန်သံများ
အခုတော့..ငါ့အသည်းအသက်
ဓားသွားနဲ့ အထပ်ထပ်လှီးဖြစ်နေသလို…….နာကျင်မှုများအဖြစ်
ဒုတိယရင်ခုန်သံ … ဒုတိယခံစားချက်
ဒုတိယ…..သူ….
ဒုတိယ…………..

commentinfo By: zawthetoo at Oct 26, 2012
Comment #24

ကဗျာလေးတွေတော်တော်များကိုကြိက်ပါတယ်.. ကဗျာရေးတဲ.သူတွေလဲကျန်းမာပါစေဒီထက်မကကဗျာများကိုလဲရေးပေးပါအုံးကျတော်ကတော.ကဗျာတွေသိပ်မရေးတတ်ဘူးဟိဟိ..သူများရေးတာတွေကိုပဲဖတ်ဖြစ်တာများတယ်တစ်ခါတစ်လေရေးကြည့် ချင်ပါတယ်..ကဗျာချစ်သူများစိတ်ချမ်းသာပါစေ…စိုင်းခွန်လတ်မန်းလေး

commentinfo By: sai khun lat at Oct 26, 2012
Comment #25

တစ်ဖက်သက်ချစ်ရတဲ့ အဖြစ်ကိုနင်နားလည်စေချင်ပါတယ်သူငယ်ချင်းရယ်ပေးဆပ်ချင်းများစွာနဲ.တစ်ဖက်သက်ချစ်ကိုနင်နားလည်နိုင်ပါစေလေ

commentinfo By: sai khun lat at Oct 26, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment