Professional Authors

ချစ်တယ်တဲ့လေ

တစ်နေ့ မိုးရေထဲမှာ
ငါတစ်ယောက်ထဲ အထီးကျန်စွာ
လမ်းတွေလျှောက်ရင်း ငါ့ခြေလှမ်းတွေ
ရပ်တန့်လာခဲ့တယ်~~~
ကောင်လေးတစ်ယောက်ပေါ့ …………… !
မိုးစိုနေတဲ့ငါ့ကို ထီးလေးကမ်းပေးတာ
အဲဒါသူငါ့ကိုချစ်လို့ ဂရုစိုက်တာနေမှာပါ။
နောက်တစ်နေ့ ကျူရှင်အပြန်
ငါ့ကိုစောင့်နေတယ်
ကောင်လေးတစ်ယောက်ပေါ့ …………. !
အဖော်မရှိတဲ့ ငါ့ကိုအဖော်ပြုပေးခဲ့တာ
အဲဒါသူငါ့ကိုချစ်လို့ အထီးမကျန်စေချင်တာနေမှာပါ။
တစ်နေ့တစ်နေ့ သူ့အကြောင်းတွေကို
စဉ်းစားနေတဲ့ငါ သူ့ကိုရင်ခုန်လာတယ်ဆိုတာ
ရဲရဲကြီးကိုဝန်ခံပါတယ်။
အဲဒီနေ့အဲဒီကောင်းလေးတစ်ယောက်ပေါ့………… !
အတွေးတွေနဲ့မျောနေတဲ့ငါ့ကို
ပန်းတစ်ပွင့်ပေးပြီး သူပြောတာက
ငါ့အထင်နဲ့တစ်ထပ်တည်းပါ။
“ချစ်တယ်”တဲ့လေ

In: ကဗျာ Posted By: Date: May 20, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment