Professional Authors

အိပ်မက် တမ်းချင်း ၉၇၂ *

အစီအရီ ခေါက်ထည်.ခဲတာပဲ

ပလိုင်းအပေါက်မို.လို.

အလွမ်းတွေ

ရွာရိုးကိုးပေါက် ပြန်.ကျဲ ခဲ.ရပြန်တယ်

 

မသက်ဆိုင်တဲ. သက်ဆိုင်သူရယ်……..

ပ၀ါတစ်ကမ်း လက်တစ်လှမ်း သာ ပြောရတယ်

အလင်းနှစ်တွေ ခြားနားပစ်ရအောင်

မျှော်လင်.ခြင်းမှာ ဘာအပြစ်ရှိလို.လဲ

 

‘ဖောင်ဖျက် ‘ ခဲ.ပြီးပြီမို.

တကူးတက ‘ မြှားကုန် ‘ မပြချင်ဘူး

အနာတရတွေနဲ. ယဉ်ပါးပြီးသားပေမယ်.

မိုးခါးရေကိုပဲ ငတ်မွတ်နေမိတယ်

 

မြစ်ဆိုတာ

ပင်လယ်ထဲ စီးဝင်ဖို. သက်သက်

ဖြစ်လာတာမှ မဟုတ်တာ ….

 

( * 1500 – 528 = 972)

In: ကဗျာ Posted By: Date: Apr 29, 2012
Comment #1

mike de kwar.
a yan daw tar pe.

commentinfo By: ei lay at Apr 29, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment