Professional Authors

လူ မိုက် တမ်းချင်း

“နုတ်ခမ်းပါးပေါ်က ရေမွှေးနံ့တွေနဲ့

ရင်ဘတ် မဆိုးမိုက်ကြစတမ်း” တဲ့လား

မှတ်ထင်မထား ထွက် ခွာ သွားလိုက်တာ…

နေဝင်မိုးချုပ် နေ့လ ရက်ညတွေ တစ်ဖက်

အက်ကွဲ သွေ့ခြောက်ခြင်းတစ်ဖက်

ထည့်ချိန် ညီမျှ ဝယ်နေကျဆိုင်လိုမျိုး

မျော်လင်းချက်တစ်ခု အဆစ်ပေးခဲ့တဲ့ နွေ

 

ဘာ့…ကြောင့်များလဲ

ဆင်ဖိုနီ တွေ ရေးစပ်တီး ခတ်ခဲ့ပြီးမှ

“တောက်ချွင်းတောက်” ဆိုတဲ့ ငါ့ရဲ့

ရိုး ရှင်း သံစဉ်တစ်ပုဒ်ကို

မခံစားတတ်တော့ဘူးလား

ငါဟာ

အနုပညာမြောက်လက်ရာ တစ်လုံးတစ်ပါဒမှ

နားမလည် ဆိုး ပေတေသူ မ္လို့လား နွေ

 

မိုးထိတိုက်မြင့်တွေ အီဖယ်လ်မျော်စင်နဲ့

လူဖြူ မည်းတွေကြား…

ဟိုး… အဝေးက ငါ့ကို

အရင်လို ယုံကြည်မှုနည်းတုန်းပဲလား နွေ

 

အရိုင်း ဆန်ဆန် အပေါ်ယံကို ခွဲပြီးကြည့်လှည့်ပါ…

မ တွေ့ နိုင် တော့ မယ့် အတူ

အငြိုးထားသူများ ရိုက်နက်

မလှုပ်မယှက် ငြိမ်သက်

သံစဉ်တစ်ကြောင်းနဲ့ခေါင်းကို ကာကွယ် ဖုံးဝှက်ရင်း

ညိုမည်းစွန်းကွက် လက်အရိုးအက်ခဲ့

မ မြင် နိုင် တော့ မယ် အတူ

ခြေထောက် ရာ အပြည့်နဲ့ ခန္ဓာ

ကြေသွားတဲ့ လက်သန်းလေးအကြောင်း…

မင်း မသိနိုင်တော့ဘူး နွေ

 

လမင်း အလင်းငယ် မရှိ

ညဥ့်…နက်တွေထဲမှာ

လွမ်းအောင်ခင်းကျင်းတတ်တဲ့

ကြယ်တွေ ရေတွက်ရင်း ကြာခဲ့ပြီ နွေ

ငါဟာ ကဗျာတွေနဲ့ပါ ယဉ်ပါးလာတဲ့နေ့ထိ ကြာ ခဲ့ပြီ

စကလုံးဗြုံးတွေ တူး ထုတ် ထမ်းပိုး

စကား ပွင့်တွေ ရတဲ့ထိ ကြာခဲ့ပါပြီ နွေ

 

စက်နဲ့ယက် လုပ်ထားသော တိမ်ခိုးငွေ့တွေကြားက

ပြန်လာသံရေ ဘယ်တော့လဲ…

 

ဟော့ဒီ ထစ်ခနဲ ရှိ လက်သီးကျွံလူမိုက်ဟာလည်း

နုးညံ့ ခြင်းနဲ့ ဖူးပွင့်ဝေဆာ ထာဝရ သေချာနေပါရဲ့ကွယ်…..

                                                                                      စုန်းပြူး

In: ကဗျာ Posted By: Date: Mar 26, 2012
Comment #1

be lout pe soe twan nay par say nu nyant de a chit dot shi nay dar pe,,
be lout pe han saung nay par say chit de sate ko dot myo tate loh ma ya naing bu,,
hote de hote?
d poem lay ko phat p yaw 1 ke dot shin ka lu kaung lu taw 1 yout par loh ei lay htin par de,

commentinfo By: ei lay at Mar 26, 2012
Comment #2

အရိုင်း ဆန်ဆန် အပေါ်ယံကို ခွဲပြီးကြည့်လှည့်ပါ…

မ တွေ့ နိုင် တော့ မယ့် အတူ

အငြိုးထားသူများ ရိုက်နက်

မလှုပ်မယှက် ငြိမ်သက်

သံစဉ်တစ်ကြောင်းနဲ့ခေါင်းကို ကာကွယ် ဖုံးဝှက်ရင်း

ညိုမည်းစွန်းကွက် လက်အရိုးအက်ခဲ့

မ မြင် နိုင် တော့ မယ် အတူ

ခြေထောက် ရာ အပြည့်နဲ့ ခန္ဓာ

ကြေသွားတဲ့ လက်သန်းလေးအကြောင်း…

မင်း မသိနိုင်တော့ဘူး နေ

commentinfo By: kantkawmg at Mar 26, 2012
Comment #3

အရမ်းမိုက်​စ့်​တယ်​ ကိုပြူး အား​ပေးသွားတယ်

commentinfo By: မာန်​ခက်​ဝင့်​ at Jun 22, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment