Professional Authors

နောင်တလေးတော့ရမိမှာ

 

ပါးစပ်က တဖွဖွနဲ့ ချစ်တဲ့အကြောင်း

မပြောတတ်ဘူး ဒါပေမဲ့ နင်မြင်အောင်ကြည့်နိုင်ရင်တွေ့မယ်

ငါ့စိတ်ထဲမှာ အမြဲတွေးနေတဲ့ နင့်ရဲ့အကြောင်း

အနားကပ်လို့  ချိုချိုသာသာတီတီတာနဲ့

ချွဲမနေတတ်ဘူးဒါပေမဲ့ နင်မြင်အောင်ကြည့်နိုင်ရင်သိလိမ့်မယ်

နင်နဲ့ အဝေးမှာဆိုတဲ့အတွေးနဲ့

ကြောက်ရွံ့နေတတ်တဲ့ ငါ့စိုးစိတ်ကလေးအကြောင်း

ဒီလိုနဲ့ ချစ်တဲ့အကြောင်းတွေမပြောတတ်လို့ ချစ်သူအနားမချွဲနွဲ့တတ်လို့

 ဖွင့်မပြောတတ်တဲ့ ငါ့ရဲ့စိတ်ကို

နင်မယုံကြည်တော့ လို့

 ထားသွားခဲ့မယ်ဆိုရင် ငါနောင်တလေးတော့ရမိမှာ..…..

 

 

 

In: ကဗျာ Posted By: Date: Apr 26, 2012
Comment #1

ဖွင့်မပြောတတ်တဲ့ ငါ့ရဲ့စိတ်ကို

နင်မယုံကြည်တော့ လို့

ထားသွားခဲ့မယ်ဆိုရင် ငါနောင်တလေးတော့ရမိမှာ..….

commentinfo By: မ at Apr 26, 2012
Comment #2

aww,,,
naung ta ya yone lay pe lar?

commentinfo By: ei lay at Apr 26, 2012
Comment #3

အင်း……. ဘ၀မှာကြုံဖူးခဲ့တာတွေများပြီးလေ
တစ်ယောက်ဆိုတစ်ယောက် ပဲချစ်ခဲ့ချင်ပေမဲ့ အလှည့်အပြောင်းကြားမှာ ပြောင်းလဲခဲ့ရတာအများကြီးပဲ
အခု ရေးတဲ့ စာလေးက ခု ငါ့ကိုတစ်ကယ်ချစ်တဲ့လူကိုရည်ရွယ်ရေးတာပါ … သူကလည်း ထားသွားခဲ့အုံးမယ်ဆိုရင် … ငါကို့ တစ်ကယ်ချစ်တဲ့လူတစ်ယောက်ကိုဆုံးရှူံးပြီးဆိုပြီးတော့ နောင်တ လေးတော့ ရမိနေမှာသေချာပါတယ် ။………. အိလေးရေ … ငါ့ရဲ့ စာတွေကို ပင်တိုင်ခံစားပေးတဲ့ နင့်ကိုကျေးဇူးတင်ပါတယ်

commentinfo By: poemghost at Apr 27, 2012
Comment #4

u r welcome,my dear.
nope,,u know urself that ur lover love u deeply,,right?
if so,don’t worry.
ur lover won’t leave u alone coz love u so much,
how u r lucky?
i m enviousof u.

commentinfo By: ei lay at Apr 27, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment